မနေ့ညကပွဲမှာ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး နေမာ ထုတ်ပယ်ခံခဲ့ရပါတယ်။
Pyae Phyo Thein

အနီကတ်ပြစ်ဒဏ်က သူ့အတွက်မမျှတဘူးလို့ နေမာက ယုံကြည်နေပြီး ပြိုင်ဘက်ကစားသမားကို ထိုးကြိတ်လို့ ထုတ်ပယ်ခံရတာက ထိုက်တန်တယ်လို့ ယူဆနေပုံရပါတယ်။


မာဆေးလ်နဲ့ပွဲမှာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာက ပြိုင်ဘက်နောက်ခံလူအယ်လ်ဗာရိုကို မထိုးကြိတ်ခဲ့မိတာကို နောင်တရမိတယ်လို့ တွစ်တာမှာ ရေးသားသွားခဲ့ပါတယ်။ နေမာဟာ ပရီဒက်စ်နဲ့ စကားများနေခဲ့တဲ့ အယ်လ်ဗာရိုရဲ့ နောက်စေ့ကို လက်သီးနဲ့ ထုခဲ့လို့ အနီကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။

အနီကတ်ပြစ်ဒဏ်က သူ့အတွက်မမျှတဘူးလို့ နေမာက ယုံကြည်နေပြီး ပြိုင်ဘက်ကစားသမားကို ထိုးကြိတ်လို့ ထုတ်ပယ်ခံရတာက ထိုက်တန်တယ်လို့ ယူဆနေပုံရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ ပျောက်ကင်းပြီးနောက် အသင်းအတွက် ပထမဆုံးအကြိမ်ပြန်လည်ကစားပေးခဲ့တဲ့ပွဲမှာပဲ နေမာဟာ ဆိုးရွားတဲ့အပြုအမူတွေ၊ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 



အိမ်ကွင်းမှာပဲ ပီအက်စ်ဂျီတို့အရေးနိမ့်ခဲ့ပြီး ပွဲပြီးခါနီးမှာ နှစ်ဖက်အသင်းသားတွေကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး စုစုပေါင်းငါးဦးအထိ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ နေမာလည်း ရန်ပွဲထဲကို ပါဝင်လာခဲ့ပြီး ဒီမတိုင်ခင်မှာပဲ မာဆေးလ်အသင်းခေါင်းဆောင် ပါယက်နဲ့ အချင်းများမှုတွေ ရှိနေခဲ့ကာ ခြေစွမ်းပြနိုင်ဖို့ကိုလည်း ရုန်းကန်အားထုတ်ခဲ့ရပါတယ်။ 

"ဒီကောင့်ရဲ့ မျက်နှာကို ငါ မထိုးခဲ့မိတာကိုပဲ နောင်တရမိတယ်" လို့ နေမာက သူ့ရဲ့တွစ်တာမှာရေးသားခဲ့ပြီး အယ်လ်ဗာရိုကို ရည်ညွှန်းသွားခဲ့ပါတယ်။ နေမာဟာ လူမျိုးရေးခွဲခြားမှုတွေပြုလုပ်ခံခဲရတယ်လို့လည်း သိရသလို မာဆေးလ်နည်းပြဘိုအာ့စ်က ဒီမာရီယာကလည်း သူ့ကစားသမားတစ်ဦးကို တံထွေးနဲ့ထွေးခဲ့တယ်လို့ ပွဲအပြီးမှာပြောဆိုခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။


ပီအက်စ်ဂျီနည်းပြတူချယ်လ်ကတော့ ၂ပွဲဆက်တိုက်အရေးနိမ့်ခဲ့မှုအပေါ်မှာ စိတ်ပျက်နေခဲ့ပြိး အသင်းရဲ့ကစားသမားတချို့ ပြန်လည်မကစားနိုင်သေးချိန်မှာ အဓိကကစားသမားတွေဖြစ်တဲ့ ကာဇာဝါ၊ နေမာ နဲ့ ပရီဒက်စ်တို့ အနီကတ်ထိခဲ့ကာ ပွဲပယ်ခံရတော့မှာဖြစ်လို့လည်း ပိုမိုစိတ်ပျက်စရာဖြစ်လာခဲ့ရပြီဖြစ်ပါတယ်။ 


Author


က္က