သူ လေးစားရတဲ့ လူပုဂ္ဂိုလ်နှစ်ဦးလို့လည်း ဝန်ခံခဲ့ပါတယ်။
Pyae Phyo Thein

အမေရိကန်ပိုင်ရှင်တွေဆီကနေ ပြင်သစ်-တူနီးရှားနွယ်ဖွား ဘူဂျလာက ဝယ်ယူဖို့ကြိုးစားနေတာဖြစ်ပြီး နွေရာသီမှာပဲ အရောင်းအဝယ်ဖြစ်မယ်လို့ မျှော်လင့်နေကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။


ပြင်သစ်ကလပ်မာဆေးလ်အသင်းကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ မူရတ်ဘူဂျလာက စီရော်နယ်ဒိုနဲ့ ဇီဒန်းတို့နှစ်ဦးကို ခေါ်ယူနိုင်ဖို့အတွက် ပစ်မှတ်ထားထားတယ်လို့ ပြောဆိုလိုက်ပါတယ်။ မာဆေးလ်ကို လက်လွှဲဝယ်ယူဖို့အတွက် အဆင်ပြေချောမွေ့ခဲ့ပါက ရော်နယ်ဒိုနဲ့ ဇီဒန်းကို ခေါ်ယူပေးမယ်လို့ ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

အမေရိကန်ပိုင်ရှင်တွေဆီကနေ ပြင်သစ်-တူနီးရှားနွယ်ဖွား ဘူဂျလာက ဝယ်ယူဖို့ကြိုးစားနေတာဖြစ်ပြီး နွေရာသီမှာပဲ အရောင်းအဝယ်ဖြစ်မယ်လို့ မျှော်လင့်နေကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ မာဆေးလ်ဟာ ပြင်သစ်လီဂူးမှာ ဒုတိယနေရာရပ်တည်နိုင်ခဲ့ပြီး လာမယ့်နှစ်ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရရှိထားကာ ချန်ပီယံပီအက်စ်ဂျီနဲ့ ၁၂မှတ်ကွာဟနေခဲ့ပါတယ်။ 

ပီအက်စ်ဂျီနဲ့ မာဆေးလ်ကြားကွာဟချက်ဟာ အရင်ကထက် ကျဉ်းမြောင်းလာပြီလို့ ဘူဂျလာက ယုံကြည်နေပြီး နာမည်ကျော်ကစားသမားတွေကို ခေါ်ယူခဲ့မယ်ဆိုပါက ရင်ဘောင်တန်းနိုင်မယ်လို့လည်း ယူဆခံနေရပါတယ်။ ဇီဒန်းကတော့ မာဆေးလ်မှာမွေးဖွားခဲ့သူဖြစ်ပြီး ပြင်သစ်ဘောလုံးသမိုင်းမှာ နာမည်ကျော်ကြားခဲ့သလို နည်းပြဘဝမှာလည်း ရီးရဲလ်ကို ချန်ပီယံလိဂ်ဖလား ၃နှစ်ဆက်တိုက်ရယူပေးထားနိုင်ခဲ့ပါတယ်။ 

"နည်းပြသစ်တစ်ယောက်လား၊ ဒီနေရာက တစ်ဦးက အရမ်းကောင်းတာပေါ့၊ ဒေသခံလူတစ်ယောက်ကို ပြန်ခေါ်တာထက် ပိုပြီးကောင်းတာ ဘာများရှိနေဦးမှာလဲ၊ ဇီဒန်းလား၊ အနာဂတ်က ပြောပါလိမ့်မယ်" လို့ ဘူဂျလာက Le Figaro ကို ပြောခဲ့ပါတယ်။ "ကျွန်တော်က ဘောလုံးကို ချစ်မြတ်နိုးတယ်၊ ကစားသမားတစ်ဦးဆိုရင်တော့ ရော်နယ်ဒိုကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး၊ သူ့ရဲ့လေးစားတတ်မှုနဲ့ စည်းကမ်းရှိမှုကို သဘောကျပါတယ်"


"မာဆေးလ််အတွက် သူ့ကိုခေါ်ယူဖို့က အိပ်မက်တစ်ခုလားဆိုရင်တော့ ဘဝမှာ ဘာမဆိုဖြစ်နိုင်ပါတယ်၊ မာဆေးလ်အတွက် သူကစားမယ်လို့ အိပ်မက်မက်နိုင်ပါတယ်၊ ဒါပေမယ့် အဲဒီအရာက အသင်းရဲ့အနာဂတ်မှာ ဥက္ကဌဖြစ်လာနိုင်တဲ့ ဘူဂျလာရဲ့ တာဝန်ပဲ" လို့ သူက ထပ်ပြောခဲ့ပါတယ်။ 


Author


က္က