လက်ရှိမှာ ကုသမှုတွေ စတင်ခံယူနေပြီဖြစ်ပါတယ်။

အီတလီနိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ဆိုးဆိုးရွားရွားရင်ဆိုင်နေရပြီး သေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်နေ ခဲ့တာလည်းဖြစ်ပါတယ်။

အေစီမီလန်အသင်းရဲ့ အားကစားဒါရိုက်တာမာလ်ဒီနီနဲ့သားဖြစ်သူ ဒန်နီရယ်တို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ထားရပြီဖြစ်ပြီး စစ်ဆေးကုသမှုတွေခံယူနေရပြီဖြစ်တယ်လို့ အသင်းက ဒီကနေ့မနက်အစောပိုင်းမှာအတည်ပြုခဲ့ ခြင်းကို thesun က ကိုးကားဖော်ပြလာပါတယ်။



အီတလီနိုင်ငံအနေနဲ့ ရောဂါစတင်ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံပြီးရင် ကူးစက်ခံရမှုနှုန်းအမြင့်ဆုံးဖြစ်ခဲ့ပြီး သေဆုံးမှု နှုန်းမှာတော့ တရုတ်နိုင်ငံထက်ပိုများနေခဲ့တဲ့အတွက် အဆိုးရွားဆုံးအခြေအနေတစ်ရပ်ကို ရင်ဆို်င်နေရာတာလ ည်းဖြစ်ပါတယ်။



“ မာလ်ဒီနီအနေနဲ့ ရောဂါရဲ့ လက္ခဏာအချို့ကို ကိုယ်တိုင်စပြီးသတိထားမိခဲ့တာပါ။ ရောဂါကူးစက်ခံထားရပြီလို့ သံသယရှိလာတဲ့အတွက် အသင်းကိုအကြောင်းကြားခဲ့သလို ဆေးရုံကိုကိုယ်တိုင်သွားရောက်ခဲ့တာပါ။အခုတော့ သားအဖနှစ်ဦးလုံးမှာ ရောဂါပိုးရှိနေတယ်လို့ သိရှိထားရပါတယ်” လို့ အေစီမီလန်အသင်းရဲ့ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက အတည်ပြုပေးခဲ့တာပါ။

အီတလီနို်င်ငံအတွင်း ရောဂါကူးစက်ခံရမှုနှုန်းအမြင့်ဆုံးဖြစ်နေတဲ့ အတ္တလန္တာအသင်းအခြေစိုက်ရာ ဘာဂါမိုဒေ သအတွင်း သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာနေခဲ့ပြီး မီလန်မြို့တွင်လည်း ရောဂါကူးစက်ခံရသူနှုန်းပိုမို မြင့်တက်လာဖွယ်ရှိနေတယ်လို့ အစိုးရအာဏာပိုင်များရဲ့အတည်ပြုချက်ကို footballitalia က အတည်ပြုဖော်ပြ ထားပြန်ပါတယ်။

ယမန်နေ့ညပိုင်းအတည်ပြုချက်များအရ အီတလီနိုင်ငံအဝှမ်းတွင် ရောဂါကူးစက်ခံရသူအရေအတွက် ၄၇,၀၂၁ အထိမြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်မှာတော့ တရုတ်နိုင်ငံတွင်သေဆုံးခဲ့တဲ့ ၃,၂၅၅ အထက်ကျော် လွန်ခဲ့ကာ ၄,၈၂၅ အထိရှိလာခဲ့ပြီဖြစ်တယ်လို့ WHO ရဲ့အတည်ပြုသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က