မာတီနက်ဇ်ကိုယ်တိုင်ကတော့ ဘာစီလိုနာကိုပြောင်းရွှေ့လိုနေခဲ့ပါတယ်။
Win Kyaw Min

ဘာစီလိုနာအသင်းအနေနဲ့ အနာဂတ်အသင်းတိုက်စစ်နေရာအတွက် အင်တာမီလန်တိုက်စစ်မှူးမာတီနက်ဇ်ကို ခေါ်ယူဖို့ အကြိမ်ကြိမ်ကမ်းလှမ်းမှုများပြုလုပ်နေခဲ့တာလည်းဖြစ်ပါတယ်။

အင်တာမီလန်ဥက္ကဋ္ဌဟောင်းမိုရက်တီက မာတီနက်ဇ်အတွက် ကမ်းလှမ်းမှုတွေပြုလုပ်နေတဲ့ ဘာစီလိုနာအသင်း ရဲ့ လုပ်ရပ်ကို ရပ်တံ့ပေးဖို့ တောင်းဆိုခဲ့ပြီး မာတီနက်ဇ်ရဲ့နေရာမှာ မက်ဆီနဲ့အစားခွင့်ရမယ်ဆိုရင်အပြောင်းအေ ရွှ့ကိုလက်ခံမယ်လို့ မှတ်ချက်ပြုပြောဆိုခဲ့မှုကို Gazzetta dello Sport ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီရဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းဖော်ဖြစ်သူ မာတီနက်ဇ်ကို အသင်းရဲ့ အနာဂတ်တိုက်စစ်ကစားသမားအဖြစ် ရည်ရွယ်ထားတာဖြစ်ပြီး အမြင့်မားဆုံးပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ကမ်းလှ မ်းဖို့ အသင့်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။



“ မာတီနက်ဇ်ကို လက်လွှတ်ရမယ်၊ မက်ဆီကို ပြန်ပြီးအစားထိုးနိုင်မယ်ဆိုရင်တော့ အပြောင်းအရွှေ့ကိုလက်ခံနို င်ပါတယ်။ ဒါပေမဲ့ မက်ဆီကမဖြစ်နိုင်ဘူးဆိုရင်တောင် အနည်းဆုံး ဒီဘာလာ လောက်တော့ ခေါ်ယူနိုင်မယ်ဆိုရ င်တော့ အပြောင်းအရွှေ့ကဖြစ်ပေါ်လာနိုင်ပါတယ်။ ကျန်တဲ့အခြေအနေတွေမှာတော့ အပြောင်းအရွှေ့ဖြစ်လာဖို့ မလွယ်ပါဘူး ” လို့ အင်တာမီလန်အသင်းဥက္ကဋ္ဌဟောင်း မိုရက်တီက မှတ်ချက်ပြုပြောဆိုလိုက်တာပါ။

မက်ဆီကိုယ်တိုင်ကတော့ မာတီနက်ဇ်ကို ခေါ်ယူမယ့် ဘာစီလိုနာအသင်းရဲ့ လုပ်ဆောင်မှုကို နှစ်သက်ခြင်းမရှိ ဘဲ လာလီဂါအတွေ့အကြုံရှိသူဖြစ်တဲ့ အသင်းဖော်ဟောင်းနေမာကိုပဲ ပြန်လည်ခေါ်ယူပေးဖို့အတွက်အသင်းတာ ဝန်ရှိသူတွေထံ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

အင်တာမီလန်နည်းပြကွန်တီကလည်း လာမယ့်ဘောလုံးရာသီမှာ စီးရီးအေချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့အတွက် မာတီနက်ဇ်အပါအဝင် အဓိက,ကစားသမားအားလုံးကို ဆက်ထိန်းထားလိုနေပြီး ပေါ့ဘာအပါအဝင် အခြားထိပ် တန်းကစားသမားကောင်းတွေကိုလည်း ခေါ်ယူဖို့ပြင်ဆင်နေတဲ့အတွက် ဘာစီလိုနာအသင်းအနေနဲ့ အပြောင်း အရွှေ့အပြီးသတ်နိုင်ဖို့အတွက် အခက်အခဲအချို့ရှိနေခဲ့တာလည်းဖြစ်ပါတယ်။


Author

  • Win Kyaw Min

က္က