ယူရိုပါလိဂ်မှာ ၁၄ ပွဲဆက် ရှုံးပွဲမရှိကစားထားနိုင်ပါပြီ။

ပရီးမီးယားလိဂ်မှာလည်း အဝေးကွင်းနိုင်ပွဲပျောက်ဆုံးနေပြီး နောက်ဆုံးအဝေးကွင်းနိုင်ပွဲကတော့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာသာ ရှိခဲ့တာပါ။

ပါတီဇန်ဘဲလ်ဂရိတ်ကို အဝေးကွင်းမှာ ၁-ဝနဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ မတ်လ ကတည်းက ပျောက်ဆုံးနေတဲ့ အဝေးကွင်းနိုင်ပွဲကို ပြန်လည်ရှာဖွေနိုင်ခဲ့တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



မန်ချက်စတာယူနိုက်တက်အသင်းဟာ မတ်လတုန်းက ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းကို ၃-၁ နဲ့ အနိုင်ကပြီးကတည်းက ပြိုင်ပွဲစုံ အဝေးကွင်း ၁၁ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတာပါ။

တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ တိုက်စစ်မှူး မာရှယ်က ပွဲချိန် ၄၃ မိနစ်မှာ ပင်နယ်တီပြစ်ဒဏ်ဘောက တဆင့် ကန်သွင်းရယူပေးခဲ့တာပါ။



အခုလို နိုင်ပွဲကြောင့် ယူနိုက်တက်ဟာ အုပ်စုတွင်း ရမှတ် ၇ မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပြီး လာမယ့် နိုဝင်ဘာ ၇ ရက်နေ့မှာ ပြန်ကစားရမယ့် ပါတီဇန်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ ထပ်မံ အနိုင်ရပါက ရှုှုံးထွက် အဆင့်ကို လက်ကျန် ၂ ပွဲအလိုမှာပဲ တက်လှမ်းနိုင်မှာပါ။

“ လိဂ်မှာလည်း အဝေးကွင်းနိုင်ဖို့ လိုနေပါသေးတယ်၊ဒါပေမယ့် နောက်ထပ် ပေးဂိုးမရှိနိုင်ပွဲတစ်ပွဲက နောက် ထပ်နိုင်ပွဲတွေအတွက် အစဖြစ်လာစေမှာပါ။” လို့ ဆိုးလ်ရှားက ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပရီးမီးယားလိဂ် အဝေးကွင်းနောက်ဆုံးနိုင်ပွဲကို ဖေဖော်ဝါရီလက ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲမှာနောက်ဆုံးရရှိထားတာပါ။

အခုပွဲမှာ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ မာရှယ်ဟာလည်း သြဂုတ်လနောက်ပိုင်း အသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက် ကစားနိုင်တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က