အသင်းနဲ့လေ့ကျင့်ခန်းမဆင်းနိုင်ဘူးလို့ သိရပါတယ်။
Pyae Phyo Thein

ကစားသမားဟာ အင်္ဂါနေ့က ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေနဲ့ တည်ဆောက်မှုတွေကို ကြည့်ရှုနိုင်တဲ့ MRI Scan ဖတ် စစ်ဆေးမှုပြုလုပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။


ဘာစီလိုနာအသင်းရဲ့အဓိကကစားသမားမက်ဆီဟာ နောက်တစ်ပတ်ထဲမှာ ပြန်လည်စတင်ကစားရမယ့် မာယော့ကာနဲ့ပွဲကို လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ အသင်းလေ့ကျင့်ခန်းအစီအစဉ်ကို မက်ဆီလွဲချော်ခဲ့ပြီး အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ကြွက်သားဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ 

စပိန်တယ်လီဗေးရှင်းတစ်ခုဖြစ်တဲ့ Esport3 က ဖော်ပြခဲ့တာဖြစ်ပြီး နည်းပြဆက်တီယန်ရဲ့အသင်းလေ့ကျင့်ခန်းမှာ မက်ဆီမပါဝင်ခဲ့တာက သိသာနေခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီအတွက်ကြောင့် ဇွန်လ ၁၃ ရက်နေ့မှာ ကစားရမယ့် မာယော့ကာနဲ့ပွဲကို မက်ဆီ ပါဝင်နိုင်ဖို့က သံသယဖြစ်ဖွယ်အနေအထားမှာ ရှိနေခဲ့ပြီး ကစားသမားဟာ တစ်ဦးတည်းလေ့ကျင့်မှုတွေသာ ပြုလုပ်နေရတယ်လို့လည်း သိရပါတယ်။ 

ဒီရာသီမှာ မက်ဆီက ဘာစီလိုနာအတွက် ၁၉ ဂိုးသွင်းယူကာ ၁၂ကြိမ်ဖန်တီးပေးထားခဲ့ပါတယ်။ စပိန်မီဒီယာတွေကတော့ မက်ဆီဟာ အားကစားခန်းမမှာ တစ်ဦးတည်းလေ့ကျင့်နေခဲ့ပြီး အသင်းဖော်တွေနဲ့ ပူးပေါင်းခြင်းမရှိခဲ့ဘူးလို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကတော့ မက်ဆီဟာ အားကစားခန်းမမှာလေ့ကျင့်ဖို့အတွက် အချိန်ဇယားအမြဲတမ်းရေးဆွဲထားတာလို့ တုံ့ပြန်ခဲ့ကြပါတယ်။ 

TV3 ကတော့ မက်ဆီဟာ ဒဏ်ရာပြသနာရှိနေတယ်လို့ ယုံကြည်နေပြီး ကစားသမားဟာ အင်္ဂါနေ့က ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေနဲ့ တည်ဆောက်မှုတွေကို ကြည့်ရှုနိုင်တဲ့ MRI Scan ဖတ် စစ်ဆေးမှုပြုလုပ်ခဲ့ရတယ်လို့လည်း ဖွင့်ဟသွားခဲ့ပါတယ်။ လာမယ့်သောကြာနေ့မှာတော့ ဘာစီလိုနာက အသင်းလေ့ကျင့်ခန်းအစီအစဉ်ကို ထပ်မံပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။ 

အဆိုပါလေ့ကျင့်ခန်းအစီအစဉ်မှာ မက်ဆီပါဝင်ခြင်းရှိ၊မရှိ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။ ဘာစီလိုနာကတော့ လာလီဂါမှာ ရီးရဲလ်မက်ဒရစ်ထက် နှစ်မှတ်အသာစီးရရှိကာဦးဆောင်နေပြီး လက်ကျန်ပွဲတွေမှာတော့ ဆုဖလားအတွက် အဆိုပါအသင်းနှစ်သင်းက မီးကုန်ယမ်းကုန်ယှဉ်ပြိုင်ရတော့မှာ လည်းဖြစ်ပါတယ်။ 


Author


က္က