၁ဝရက်ခန့်အနားယူရဖို့ရှိနေခဲ့တာပါ။
Win Kyaw Min

အရွတ်ဒဏ်ရာကြောင့် ကုသမှုခံယူနေရပြီး ယမန်နေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်အတွင်းပါ ဝင်နိုင်ခြင်းမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီအနေနဲ့ ပြန်လည်စတင်နေပြီဖြစ်တဲ့ လေ့ကျင့်ရေးအစီအစဉ်အတွင်း ကြံ့ခိုင်မှုပိုင်း လိုအပ်ချက်နဲ့အတူ ခြေကျင်းဝတ်အရွတ်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် မာယော့ကာကို ရင်ဆိုင်ရမယ့်ပွဲစဉ်ကိုလွဲချော် ဖွယ်ရှိနေခဲ့ကြောင်း အသင်းဆေးအဖွဲ့ရဲ့အတည်ပြုမှုကို as.com ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မက်ဆီအနေနဲ့ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ လုပ်ဆောင်နေခဲ့ပြီဖြစ်ပေမယ့် ဒဏ်ရာဟောင်းပြန်ရခဲ့ ခြင်းဖြစ်ပြီး ပြင်းထန်တဲ့အခြေအနေတစ်ခုမဟုတ်ပေမယ့် အနည်းဆုံးရက်သတ္တပတ် ၂ပတ်ခန့်အနားယူရဖွယ်ရှိ နေတယ်လို့လည်း သိရပါတယ်။



၂၀၁၉-၂၀ ဘောလုံးရာသီရဲ့ စပိန်လာလီဂါပွဲစဉ်တွေကို လာမယ့်ဇွန် ၁၂ရက်နေ့မှာ ပြန်လည်စတင်ဖို့သဘောတူ ခဲ့ပြီးနောက် ပွဲစဉ် ၂၈အဖြစ် ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဘာစီိလိုနာအသင်းက မာယော့ကာအသင်းကိုအဝေး ကွင်းမှာ သွားရောက်ကစားရဖို့ရှိနေခဲ့တာပါ။

လက်ရှိဘာစီလိုနာအသင်းရဲ့ ဒဏ်ရာရကစားသမားစာရင်းတွင် အဓိက,ကစားသမားအချို့ပါဝင်နေပြီး ကြံ့ခိုင်မှု ပိုင်းလည်းလိုအပ်ချက်အချို့ရှိနေသလို တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆွာရက်ဇ်၊ ဒမ်ဘီလီတို့မှာလည်း ဒဏ် ရာပြဿနာများရှိနေခဲ့တဲ့အတွက် အခက်အခဲအချို့ရင်ဆိုင်ရဖို့ရှိနေတာလည်းဖြစ်ပါတယ်။

ပွဲစဉ် ၂ရအပြီးအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ဒုတိယနေရာက ရီးရဲလ်အသင်း ကို ရမှတ် ၂မှတ်သာဖြတ်ထားနိုင်ခဲ့တဲ့အတွက် အဓိက,ကစားသမားအများစုဒဏ်ရာရနေခြင်းက နည်းပြဆက် တီယန်အတွက် ဖိအားအချို့ရှိလာနိုင်ကြောင်းလည်း စပိန်မီဒီယာအများစုက သုံးသပ်နေကြပါတယ်။


Author


က္က