ဗလင်စီယာကို ၂-၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲအပြီး ရီးရဲပရိသတ်တွေက မာဆယ်လိုကို ဝေဖန်ကြတာပါ။
Kyaw Ko Ko Sint

မာဆယ်လိုအနေနဲ့ ပွဲချိန် ၇၆ မိနစ်မှာ ဟန်ဆောင်လှဲချလို့ အဝါကဒ်ပြခံရသလို ခြေစွမ်းပိုင်းကိုလည်း ပရိသတ်တွေက ဝေဖန်ပြစ်တင်ခဲ့ကြရာ နည်းပြဇီဒန်းက ဝေဖန်နေသူတွေကို ရှုတ်ချလိုက်တာ ဖြစ်ပါတယ်။

ဗလင်စီယာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အသင်းရဲ့ ဘယ်နောက်ခံလူ မာဆယ်လိုကို အသင်းပရိသတ်တွေက ပြန်လည် ဝေဖန်ခဲ့မှုအပေါ် နည်းပြ ဇီဒန်းက ရှုတ်ချပြောဆိုခဲ့တယ်လို့ Daily Mail ကဖော်ပြပါတယ်။



ရီးရဲအသင်းရဲ့ ပရိသတ်တွေအနေနဲ့ မာဆယ်လိုရဲ့ ခြေစွမ်းကို အထင်မကြီးပဲ ရှုံးပွဲက ခြေစွမ်းအပေါ် ဝေဖန်ပြစ်တင်နေကြပါတယ်။ မာဆယ်လိုအနေနဲ့ နည်းပြဇီဒန်း အသင်းကိုပြန်ရောက်လာပြီးနောက် ပုံမှန် ပွဲထွက်ခွင့် ပြန်ရလာခဲ့ပေမဲ့လည်း ဗလင်စီယာနဲ့ပွဲမှာတော့ ဝေဖန်ခံခဲ့ရတာပါ။

“မာဆယ်လိုက မာဆယ်လိုပါပဲ၊ မာဆယ်လို ဘယ်လောက်ကောင်းလဲဆိုတာ ကျွန်တော် ကောင်းကောင်း သိပါ တယ်၊ သူအကောင်းဆုံး ကြိုးစားထားပေမယ့် ဒီနှစ်မှာ မာဆယ်လို တစ်ဦးတည်းသာမကပဲ တစ်သင်းလုံးအတွက် စိတ်ပျက်စရာတွေ များပါတယ်။” လို့ ဇီဒန်းက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားကြောင်း Daily Mail ကဖော်ပြထားပါတယ်။

မာဆယ်လိုအနေနဲ့ ဇီဒန်းရဲ့ ပထမ ရီးရဲနည်းပြ သက်တမ်းတလျှောက် ဘယ်ခြမ်းမှာ အကောင်းဆုံး ခြေစွမ်းပြပြီး ချန်ပီယံလိဂ် ၃ နှစ်ဆက် ရယူနိုင်ခဲ့ပေမယ့် ဇီဒန်းထွက်ခွားသွားပြီးနောက် နည်းပြနှစ်ဦးရဲ့ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့်သာမက ပုံမှန်ခြေစွမ်းပါ ပျောက်ဆုံးခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရီးရဲအသင်းက အဆင့် ၃ နေရာထိ လာလီဂါမှာ ဆင်းသက် ရပ်တည်နေရပြီ ဖြစ်ပြီး ဒုတိယနေ ရာက မြို့ခံပြိုင်ဖက် အက်သလက်တီကို အသင်းအောက် ၅ မှှတ်လျော့ အနေအထားမှာ ရှိနေပါတယ်။ ဗလင်စီယာကို ရှုံးနိမ့်ခဲ့တာကတော့ နည်းပြဇီဒန်းအတွက် တစ်ကျော့ပြန် ရီးရဲခရီးစဉ်မှာ ပထမဆုံး ရှုံးပွဲလည်း ဖြစ်လာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က