ရမ်ဆေးက ယူရို၂၀၂၀ ခြေစစ်ပွဲကို တစ်ပွဲမှ မကစားရသေးပါဘူး။
Kyaw Ko Ko Sint

ရမ်ဆေးမပါဝင်နိုင်လို့ ဝေးလ်အသင်း အနည်းငယ် အားနည်းဖွယ်ရှိနေပမယ့်လည်း ရမ်ဆေးက ယူရို ၂၀၂၀ ခြေစစ်ပွဲကို ဝေးလ်နဲ့အတူ တစ်ပွဲမျှ ပါဝင်ကစားပေးထားနိုင်ခြင်း မရှိသေးတာပါ။

ဝေးလ်နည်းပြ ဂစ်အတွက် ဂျူဗင်တပ်ကွင်းလယ်ဖန်တီးရှင် အာရွန်ရမ်ဆေးက အားဆေးတစ်ခွက်ဖြစ်ပေမယ့် လက်ရှိမှာတော့ ရမ်ဆေးက ဂစ်အတွက် ရှိမနေပေးနိုင်သေးပါဘူး။



လေ့ကျင့်ရေးမှာရရှိခဲ့တဲ့ကြွက်သွားဒဏ်ရာကို ပိုဆိုးသွားမှာစိုးရိမ်ပြီး ဝေးလ်လူစာရင်းနဲ့အတူ ဆလိုဗက်ကီးယား ကို လိုက်ပါလာခဲ့ခြင်း မရှိဘူးလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

ဝေးလ်အသင်းကတော့ ဒီကနေ့ညမှာ ဆလိုဗက်ကီးယားအသင်းနဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲကစားရဖို့ရှိနေတာ ဖြစ်ပါတယ်။

“ သူ့အနေနဲ့ ကြွက်သားဒဏ်ရာ အနည်းငယ်ရထားလို့ သေချာကုသချင်လို့ နေခဲ့တာပါ။ဒါပေမယ့်လာမယ့် တနင်္ဂနွေမှာကစားမယ့် ခရိုအေးရှားနဲ့ပွဲမှာတော့ ပြန်ပါလာမယ်လို့ မျှော်လင့်နေပါတယ်။” လို့ ဂစ်က ပြောခဲ့ပါ တယ်။

လက်ရှိမှာတော့ ရမ်ဆေးအနေနဲ့အတူ ကြံ့ခိုင်ရေး နည်းပြတစ်ဦးက နေခဲ့ပြီး အတူလေ့ကျင့်နေတာ ၂ ရက်ရှိနေ ပြီလို့လည်းသိရပါတယ်။

ဝေးလ်အသင်းကတော့ ယူရို ၂၀၂၀ ခြေစစ်ပွဲအုပ်စု(င)မှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ ခရိုအေးရှားအသင်းထက် ၄ မတ်လျော့ပြီး အဆင့် ၄ မှာရပ်တည်နေပါတယ်။

ဝေးလ်အနေနဲ့ ၅ သင်းပါတစ်အုပ်စုမှာ စုစုပေါင်း ၈ ပွဲကစားရမှာဖြစ်ပြီးလက်ရှိမှာ ၄ ပွဲကစားထားပြီးဖြစ်တာကြောင့် လက်ကျန် ၄ ပွဲက ရမှတ်တွေ များများရနိုင်သလောက် များထားနိုင်မှ ခြေစစ်ပွဲ အောင်နိုင်ချေ ရှိပါမယ်။



ဆလိုဗက်ကီးယားနဲ့ပွဲပြီးရင် ထိပ်ဆုံးက ခရိုအေးရှားနဲ့ ကစားရမှာ ဖြစ်ပြီး ထိပ်ဆုံးက အသင်းနဲ့ အဆင့် ၄က ဝေးလ်အသင်းတို့ကြားမှာ ၄ မှတ်ပဲကွာလို့ ခြေချော်တဲ့အသင်းက ခံသွားရနိုင်လို့ ဝေးလ်အသင်းမှာလည်း ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေးကောင်းရှိနေသေးတာတွေ့ရပါတယ်။

ဒါကြောင့် နည်းပြ ဂစ်အနေနဲ့ အားထားရတဲ့ ကစားသမားတွေ ရရှိဖို့လိုအပ်နေပြီး အခုလို အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ ရမ်ဆေးကို လက်လွှတ်ဆုံးရှုံးရတဲ့ အခိုက်အတန့်ကတော့ အနည်းငယ် အခက်တွေ့နေစေတယ်လို့ပဲ ဆိုရမှာပါ။

ရမ်ဆေးအနေနဲ့ကတော့ အခု ကစားနေတဲ့ ၂၀၂၀ ယူရို ခြေစစ်ပွဲကို တစ်ပွဲမှ မကစားရသေးပဲ နောက်ဆုံး ကစားပေးထားတာကတော့ ၂၀၁၈ နိုဝင်ဘာကဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က