မမျှော်လင့်ထားတဲ့အချိန်မှာ ခေါ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မက်ဆီကို ပြိုင်ဘက်အဖြစ်နဲ့သာ ရင်ဆိုင်ခဲ့ဖူးတဲ့ အာဂျင်တီးနားသားဟာ ပြင်သစ်မြေကိုအရောက်မှာတော့ သူ့လက်အောက်မှာ မက်ဆီလိုကစားသမားမျိုးကို ထိန်းသိမ်းပြီး ညွှန်ကြားခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 


မက်ဆီကိုခေါ်ယူနိုင်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ဖူးဘူးလို့ ပီအက်စ်ဂျီနည်းပြပိုချက်တီနိုက ပြောဆိုလိုက်ပါတယ်။ အပြောင်းအရွှေ့စျေးကွက်အတွင်း ပီအက်စ်ဂျီဟာ မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အကြီးကျယ်ဆုံးခေါ်ယူမှုတစ်ခုကို ဖန်တီးနိုင်ခဲ့ကာ ဘောလုံးကမ္ဘာကြီးတစ်ခုလုံးကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။ 

ဒါဟာ ပီအက်စ်ဂျီနည်းပြအဖြစ် ခန့်အပ်ခံရတာ တစ်ရာသီသာသာပဲရှိသေးတဲ့ ပိုချက်တီနိုအတွက် တော်တော်လေး တုန်လှုပ်စရာလည်းဖြစ်ခဲ့ရပါတယ်။ နည်းပြဘဝမှာ မက်ဆီကို ပြိုင်ဘက်အဖြစ်နဲ့သာ ရင်ဆိုင်ခဲ့ဖူးတဲ့ အာဂျင်တီးနားသားဟာ ပြင်သစ်မြေကိုအရောက်မှာတော့ သူ့လက်အောက်မှာ မက်ဆီလိုကစားသမားမျိုးကို ထိန်းသိမ်းပြီး ညွှန်ကြားခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

UEFA ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ပိုချက်တီနိုက "မက်ဆီက ဘယ်လိုကစားသမားမျိုးလဲဆိုတာကို ဖော်ပြပြောဆိုဖို့ ကျွန်တော်က အသင့်တော်ဆုံးသူမဟုတ်ပါဘူး၊ သူနဲ့ထိုက်တန်တဲ့ ဝေါဟာရတွေ၊ သရုပ်မှန်တွေကို ထုတ်ဖော်ပြောဆိုဖို့ ပိုသင့်တော်တဲ့သူတွေ အများကြီးရှိပါတယ်၊ သူ အသင်းကို စရောက်ပြီးကတည်းက မြန်မြန်ဆန်ဆန်ပဲ အထိုင်ကျခဲ့ပြီး ကောင်းကောင်းလေ့ကျင့်မှုလုပ်နိုင်ခဲ့ပါတယ်"

"သူ့ရဲ့အမြင့်ဆုံးအဆင့်ကို မကြာခင်မှာ ပြန်ရတော့မှာလည်း သေချာပါတယ်၊ သူ့ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ခဲ့ဘူး၊ အခွင့်အရေးရလာချိန်မှာတော့ အားလုံးက မြန်မြန်ဆန်ဆန်ပဲဖြစ်လာခဲ့တာပါ၊ ဒီလိုမျိုးကို ချက်ချင်းစီမံဖို့က မဖြစ်နိုင်ပါဘူး၊ ဒါပေမယ့် ဒါက ဆက်သွယ်မှုတစ်ခုလည်းဖြစ်ပါတယ်၊ ကျွန်တော်တို့နှစ်ယောက်လုံးက အာဂျင်တိုင်းသားတွေပါ၊ သူနဲ့ ပြိုင်ဘက်တွေအဖြစ်ရင်ဆိုင်ရချိန်ကတည်းက အတူတူရှိနေဖို့ ဆန္ဒရှိခဲ့ပါတယ်၊ ခုတော့ သူ ကျွန်တော်တို့နဲ့အတူ လေ့ကျင့်နေပါပြီ"


"အသင်းက အလိုရှိနေတဲ့ အောင်မြင်မှုကို အတူတူရယူပေးနိုင်မယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်" လို့ ပိုချက်တီနိုက ပြောဆိုခဲ့ပါတယ်။ ပီအက်စ်ဂျီကတော့ ဒီရာသီမှာ မက်ဆီအပြင် ရာမို့စ်၊ ၀ိုင်နယ်ဒမ်၊ ဒွန်နာရမ်မာ၊ ဟာကီမီတို့ကို ခေါ်ယူထားခဲ့ပါတယ်။



က္က