ပီအက်စ်ဂျီဟာ မက်ဆီ၊ နေမာ၊ ရာမို့စ်၊ ဒွန်နာရမ်မာ၊ ဘတ်ပီ၊ ဒီမာရီယာ၊ ဗာရက်တီ၊ မာကွင်ဟို့စ်တို့လို နာမည်ကျော်ကစားသမားတွေကို ပိုင်ဆိုင်ထားလို့လည်း အင်အားကြီးမားတဲ့အသင်းတစ်သင်းဖြစ်နေခဲ့ပါတယ်။


ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူးဟောင်းကြီး ရော်နယ်ဒိုက ပီအက်စ်ဂျီအနေနဲ့ မက်ဆီကို ခေါ်ယူထားပြီးဖြစ်သည့်တိုင် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့က မလွယ်ကူဘူးလို့ သတိပေးလိုက်ပါတယ်။ စပိန်သတင်းစာ AS နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက ပြောဆိုခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကို ဘယ်အသင်းဆွတ်ခူးမလဲဆိုတာ ပြောဖိ့ခက်တယ်လို့ ဆိုခဲ့ပါတယ်။ 

ပီအက်စ်ဂျီကတော့ မက်ဆီကို ဒိရာသီမှာ အလွတ်ခေါ်ယူခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ရေပန်းစားလာခဲ့ပါတယ်။ အာရပ်သူဌေးတွေ ပိုင်ဆိုင်ပြီးချိန်ကစပြီး ပြင်သစ်လိဂ်ကို လွှမ်းမိုးထားနိုင်ခဲ့တဲ့ ပီအက်စ်ဂျီဟာ ဥရောပအဆင့်မှာတော့ ရုန်းကန်နေရဆဲဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတွေမှာ ဗိုလ်လုပွဲ၊ ဆီမီးဖိုင်နယ်အဆင့်တွေနဲ့သာ ကျေနပ်နေခဲ့ရတာဖြစ်ပါတယ်။ 


ရော်နယ်ဒိုက "ရီးရဲလ်မက်ဒရစ်အတွက် ကျွန်တော် ငါးနှစ်နီးပါးကစားပေးခဲ့ပါတယ်၊ ဂလက်တီကိုကြယ်စင်စုအသင်းမှာဖြစ်ပြီး ချန်ပီယံလိဂ်ဖလားမရခဲ့ပါဘူး၊ ခင်ဗျးအသင်းက အကောင်းဆုံးဖြစ်နေရင်တောင် ဆုဖလားရယူဖို့က သချာင်္နည်းနဲ့တွက်လို့မှမရတာ၊ ဒါက ပီအက်စ်ဂျီနဲ့လည်း သက်ဆိုင်ပါတယ်" လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ အခြားသောအောင်မြင်မှုတွေများစွာရရှိခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားနဲ့တော့ မဆုံဆည်းခဲ့သူဖြစ်ပါတယ်။ ဘာစီလိုနာ၊ အင်တာမီလန်၊ အေစီမီလန်၊ ရီးရဲလ်မက်ဒရစ်တို့လို ဒိတ်ဒိတ်ကျဲအသင်းတွေမှာ ကစားခဲ့ပေမယ့်လည်း ၁၉၉၇ နဲ့ ၁၉၉၈ တို့မှာ ဥရောပဖလားနဲ့ Cup Winner Cup တို့သာ ဆွတ်ခူးခဲ့ဖူးပါတယ်။ 


ပီအက်စ်ဂျီဟာ မက်ဆီ၊ နေမာ၊ ရာမို့စ်၊ ဒွန်နာရမ်မာ၊ ဘတ်ပီ၊ ဒီမာရီယာ၊ ဗာရက်တီ၊ မာကွင်ဟို့စ်တို့လို နာမည်ကျော်ကစားသမားတွေကို ပိုင်ဆိုင်ထားလို့လည်း အင်အားကြီးမားတဲ့အသင်းတစ်သင်းဖြစ်နေခဲ့ပါတယ်။ ဥရောပရဲ့ လူအင်အားအတောင့်ဆုံးအသင်းလည်းဖြစ်နေပြီး လာမယ့်ရာသီမှာ သူတို့ရဲ့နှစ်ရှည်လများအိပ်မက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 



က္က