ဆီးဗီးလ်မြို့မှာ ဒီတစ်ပတ်အတွင်း ကျင်းပသွားမှာပါ။

ရာမို့စ်နဲ့ ရော်နယ်ဒိုတို့ဟာ ရီးရဲလ်မှာ (၉)နှစ်ကြာ အတူတူတွဲဖက်ကစားခဲ့သူတွေဖြစ်ပြီး ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူတွေ ဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ သူ့ရဲ့ မင်္ဂလာဆောင်အခမ်းအနားအတွက် ဖိတ်ကြားခဲ့ရာမှာ ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ရော်နယ်ဒိုကို မဖိတ်ကြားခဲ့ဘူးလို့ သိရပါတယ်။ ရာမို့စ်နဲ့ ရော်နယ်ဒိုတို့ဟာ ရီးရဲလ်မှာ (၉)နှစ်ကြာ အတူတူတွဲဖက်ကစားခဲ့သူတွေဖြစ်ပြီး ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူတွေ ဖြစ်ပါတယ်။



ရာမို့စ်နဲ့ ရော်နယ်ဒိုတို့ရဲ့ တစ်ဦးနဲ့ တစ်ဦး ရင်းနှီးမှုတွေကို အားလုံးလည်း သိထားကြပြီး ရာမို့စ်က အခုလိုမဖိတ်ကြားခဲ့တဲ့အတွက် အားလုံးအံ့အားသင့်ခဲ့ကြရပါတယ်။ ရာမို့စ်ဟာ စပိန်တီဗီရုပ်သံတင်ဆက်သူ တစ်ဦးဖြစ်တဲ့ ပီလာရူဘီယိုရဲ့ ဒီတစ်ပတ်အတွင်းမှာ လက်ထပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။



မင်္ဂလာပွဲအတွက် ရာမို့စ်က ဖိတ်စာ (၅၀၀)အထိ ဖိတ်ကြားခဲ့တယ်လို့ သိရပြီး ဘာစီလိုနာအသင်းက ပီကေး၊ ယော်ဒီအယ်လ်ဘာ နဲ့ ရီးရဲလ်ကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်းတို့ကိုလည်း ဖိတ်ကြားခဲ့ပါတယ်။ လက်ရှိအသင်းက ကစားသမားတွေဖြစ်တဲ့ လူးကပ်စ်ဗက်ကွက်စ်၊ ကေနာနာဗက်စ် နဲ့ လူကာမိုဒရစ်တို့လည်း ပါဝင်သေးတယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ရာမို့စ်ဟာ သူနဲ့ ခင်မင်ရင်းနှီးတဲ့ ရော်နယ်ဒိုကိုတော့ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီမင်္ဂလာပွဲကို ရီးရဲလ်နည်းပြဇီဒန်း နဲ့ အသင်းဥက္ကဌ ပီရက်ဇ်တို့ပါ တက်ရောက်မယ်လို့ သိရပြီး ရာမို့စ်နဲ့ စပိန်၊ ရီးရဲလ်မက်ဒရစ်တို့မှာ အသင်းဖော်ဖြစ်ခဲ့တဲ့ ဂိုးသမား ကာဆီးလက်စ်တက်ရောက်မယ်လို့လည်း ကာယကံရှင်ကမျှော်လင့်နေပါတယ်။

ကာဆီးလက်စ်ဟာ နှလုံးရောဂါကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ဘောလုံးလောကကနေ အနားယူသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ ရာမို့စ်တို့ဟာ ၂၀၁၇-၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ ရော်နယ်ဒိုက အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ ပြောခဲ့မှုနဲ့ ပတ်သက်ပြီး အဝတ်လဲခန်းအတွင်းမှာ စကားအချေအတင်ဖြစ်ပွားခဲ့သေးတယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က