လာလီဂါအတွက် အကောင်းဆုံးကစားသမားကို ရှိနေစေချင်တာပါ။
Pyae Phyo Thein

အခုအခါမှာတော့ မက်ဆီရဲ့အေးဂျင့်ဖြစ်တဲ့ ဖခင်ဂျော့မက်ဆီကလည်း ဘာစီလိုနာမြို့ကိုရောက်ရှိနေပြီး အပြောင်းအရွှေ့အတွက် ကြိုးစားနေပြီဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်နောက်ခံလူရာမို့စ်က ဘာစီလိုနာကထွက်ခွာခွင့်တောင်းဆိုထားတဲ့ အသင်းခေါင်းဆောင်မက်ဆီကို လာလီဂါမှာ ဆက်လက်ရှိနေစေချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားအနေနဲ့ သူ့အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးရှိနေတယ်လို့လည်း ရာမို့စ်က ဆက်လက်ပြောဆိုခဲ့ပါတယ်။ 

အခုအခါမှာတော့ မက်ဆီရဲ့အေးဂျင့်ဖြစ်တဲ့ ဖခင်ဂျော့မက်ဆီကလည်း ဘာစီလိုနာမြို့ကိုရောက်ရှိနေပြီး အပြောင်းအရွှေ့အတွက် ကြိုးစားနေပြီဖြစ်ပါတယ်။ မနေ့ညက ဘာစီလိုနာဥက္ကဌဘာတိုမြူနဲ့ တွေ့ဆုံခဲ့တယ်လို့သိရပြီး ထူးခြားမှုမရှိခဲ့ဘူးလို့ စပိန်သတင်းစာများက ဖော်ပြခဲ့ကြပြီး ခက်ခက်ခဲခဲနဲ့ ဆက်လက်ညှိနှိုင်းသွားကြဖို့ရှိနေပါတယ်။

ဂျာမနီနဲ့ကစားရမယ့် နေးရှင်းလိဂ်ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရာမို့စ်က "ဒါက ကျွန်တော်တို့ အာရုံစိုက်နေရမယ့်အရာမဟုတ်ပါဘူး၊ ဒါပေမယ့် သူ့အနေနဲ့ သူ့အနာဂတ်အတွက် ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်၊ ကျွန်တော်ပြောချင်တာကတော့ စပိန်ဘောလုံးလောကအတွက်၊ ဘာစီလိုနာအတွက်၊ ကျွန်တော်တို့အတွက် ကစားသမားကောင်းတစ်ဥိးကို ရှိနေစေချင်ပါတယ်"

"အကောင်းဆုံးအရည်အသွေးတွေ သူ့ဆီမှာ ရှိနေသေးပြီး သူ့ကို အမြဲတမ်း ဒီမှာပဲ ရှိနေစေချင်ပါတယ်" လို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ တကယ်လို့သာ မက်ဆီထွက်ခွာခဲ့မယ်ဆိုပါက ဘာစီလိုနာအတွက် အင်အားတော်တော်ကြီးလျော့နည်းသွားမှာဖြစ်ပေမယ့် ရာမို့စ်ကတော့ အကောင်းဆုံးကစားသမားတစ်ဦးကို သူတို့လိဂ်အတွက် မျှော်ကိုးပြီး ဆက်ရှိနေစေချင်တာလည်းဖြစ်ပါတယ်။ 


Author


က္က