ဘရာဇီးလ် LGBT အဖွဲ့က တိုင်ကြားခဲ့တာပါ။
Pyae Phyo Thein

နေမာရဲ့မိခင်နဲ့ ရာမို့စ်တို့ဟာ အတူတူနေထိုင်နေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့က ရာမို့စ်ဟာ နေမာရဲ့မိခင်အိမ်မှာပဲ လက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင်ခဲ့ရကာ နှစ်ဦးသားကြားမှာ ရန်ပွဲဖြစ်ခဲ့တယ်လို့ ရဲတွေက ပြောဆိုခဲ့ပါတယ်။


ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာဟာ လိင်တူချစ်သူများကို စော်ကားပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ ဘရာဇီးလ်လိင်တူအခွင့်အရေးထောက်ခံမှုလှုပ်ရှားသူတွေက တိုင်ကြားချက်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ နေမာက သူ့မိခင်ရဲ့ ချစ်သူ အသက်၂၆ နှစ်အရွယ် အမျိုးသားကို လိင်တူချစ်သူတစ်ဦးလို့ စွပ်စွဲပြောဆိုခဲ့ပြီး စော်ကားတဲ့အသုံးအနှုန်းတွေ ပါဝင်ခဲ့တာကြောင့်လို့ သိရပါတယ်။ 

ဆော်ပေါ်လိုစုံစမ်းစစ်ဆေးရေးရုံးကလည်း ဒီသတင်းကို AFC သတင်းဌာနဆီ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒီတိုင်ကြားချက်ကြောင့် နေမာကို အမှုဖွင့်သွားဖို့ ရဲတပ်ဖွဲ့ဘက်က ဆုံးဖြတ်စိစစ်ရတော့မှာလည်းဖြစ်ပါတယ်။ နေမာရဲ့ ကိုယ်စားလှယ်အဖွဲ့ကတော့ အဆိုပါသတင်းတွေကို ငြင်းဆိုထားပြီး သူတို့ကစားသမားက ပြောဆိုခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။


နေမာရဲ့ ပြောဆိုထားမှုကို အသံဖမ်းထားတဲ့ မှတ်တမ်းပေါ်ထွက်လာခဲ့တာဖြစ်ပြီး လိင်တူအခွင့်အရေးလှုပ်ရှားသူဖြစ်တဲ့ Agripino Magalhaes က သူ့ရဲ့အင်စတာဂရမ်ကတဆင့် ထုတ်ဖော်ခဲ့ပြီး နေမာနဲ့ သူ့ရဲ့သူငယ်ချင်းတွေဟာ သီးသန့်ပြုလုပ်ထားတဲ့ စကားပြောဆိုမှုဂရုတစ်ခုမှာ အမုန်းပွားစကားပြောဆိုခြင်း၊ ခြိမ်းခြောက်ပြောဆိုမှုတွေပြောဆိုခြင်းကြောင့် ရာဇဝတ်မှုဆိုင်ရာနဲ့ တိုင်ကြားခဲ့တာဖြစ်ပါတယ်။ 


အသံဖိုင်မှာတော့ နေမာရဲ့ သူငယ်ချင်းတွေက အဆိုပါစုံတွဲကြား ပြီးခဲ့တဲ့တစ်ပတ်က ဖြစ်ပွားခဲ့တဲ့ ရန်ပွဲကို ဆွေးနွေးပြောဆိုခဲ့ကြပြီး နေမာက ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေနဲ့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မော်ဒယ်တစ်ဦးလည်းဖြစ်တဲ့ တီယာဂိုရာမို့စ်ဟာ အသက် ၅၂ နှစ်အရွယ် နေမာရဲ့ မိခင်နဲ့ ချစ်ကြိုက်နေတာဖြစ်ပြီး ဧပြီလအတွင်းက ချိန်းဆိုတွေ့ဆုံခဲ့ကြပါတယ
်။


သူတို့နှစ်ဦးဟာ အတူတူနေထိုင်နေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့က ရာမို့စ်ဟာ နေမာရဲ့မိခင်အိမ်မှာပဲ လက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင်ခဲ့ရကာ နှစ်ဦးသားကြားမှာ ရန်ပွဲဖြစ်ခဲ့တယ်လို့ ရဲတွေက ပြောဆိုခဲ့ပါတယ်။ နေမာကတော့ ရာမို့စ်ဟာ သူ့ကိုယ်သူဒဏ်ရာရရှိအောင် မှန်ကွဲစတွေနဲ့ ပြုလုပ်ခဲ့တယ်လို့ နေမာက ပြောဆိုခဲ့ကြောင်း အသံဖိုင်ထဲမှာပါခဲ့ပြီး သူငယ်ချင်းတစ်ဦးကလည်း ရာမို့စ်ရဲ့ စအိုထဲကို တံမြက်စည်းရိုးထိုးထည့်ပေးရမယ်လို့ ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။ 


Author


က္က