အောင်ပွဲခံဟန်ကြောင့် ပရိသတ်တွေက လူမျိုးရေး ခွဲခြားဆက်ဆံခဲ့တာလို့သိရပါတယ်။
Kyaw Ko Ko Sint

ကယ်ဂလီယာရီအသင်းဖက်ကို အနိုင်ဂိုးသွင်းယူအပြီး အောင်ပွဲခံဟန် အပြုအမူကြောင့် ပရိသတ်တွေက မွိုက်စ်ကီးကို လူမျိုးရေးခွဲခြား ဆက်ဆံခဲ့ရပါတယ်။

လူမျိုးရေးခွဲခြားခံခဲ့ရတဲ့ ဂျူဗင်တပ် လူငယ်တိုက်စစ်မှူး မွိုက်စ်ကီးရဲ့ ဖြစ်ရပ်ကို ဘယ်လိုမှ သည်းမခံနိုင်ဘူးလို့ အီတလီလက်ရွေးစင်အသင်း နည်းပြ ရော်ဘတ်တို မန်ချီနီက ပြောခဲ့တယ်လို့ BBC SPORT က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဂျူဗင်တပ်အသင်းက ကယ်ဂလီယာရီအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းအပြီးအောင်ပွဲခံခဲ့ တဲ့ မွိုက်စ်ကီးကို လူမျိုးရေးခွဲခြားတဲ့ စကားအသုံးအနှုန်းတွေ ပြောဆို ဆက်ဆံခဲ့တာ ဖြစ်ပါတယ်။



အသက် ၁၉ နှစ်သာရှိသေးတဲ့ မွိုက်စ်ကီးအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက အီတလီလက်ရွေးစင်အသင်းနဲ့အ တူ ပထမဆုံး ပွဲထွက်ခွင့်ရထားခဲ့သလို၊ ပြီးခဲ့တဲ့ မတ်လတုန်းက ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲနှစ်ပွဲစလုံးမှာ လည်း ဂိုးသွင်းယူနိုင်ခဲ့သူပါ။

အခုလိုမျိုး လူမျိုးရေးခွဲခြားခံခဲ့ရတဲ့အပေါ်မှာတော့ အီတလီနည်းပြ မန်ချီနီက - “ ဘယ်လိုမှ ရှေ့ဆက်မဖြစ်သင့်တော့ပါဘူး၊ ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ လိုအပ်နေပါပြီ။ အင်္ဂလန်မှာဆိုရင် လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်တာ ကျွန်တော်တို့ထက် ပိုမြင့်မားနေပါပြီ၊ ဒါပေမယ့် ဒီနေ့အထိ ဖြစ်နေတုန်းပါပဲ၊ဒါပေမယ့် ကျွန်တော်တို့ အတူတကွ အခုထက်ပိုပြီး တွန်းလှန်ဖို့ လိုပါပြီ။” လို့ မန်ချီနီက ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့တာပါ။

ကယ်ဂလီယာရီကို အနိုင်ရတဲ့ပွဲအပြီးမှာလည်း ဂျူဗင်တပ်အသင်းခေါင်းဆောင် ဘိုနော့ချီကတော့ မွိုက်စ်ကီးဟာ ပွဲအပြီး အောင်ပွဲခံဟန်ကြောင့် ပရိတ်တွေရဲ့ အပြစ်တင်ခြင်းကို အနည်းငယ်တော့ ခံရသင့်တယ်လို့ သုံးသပ်ခဲ့ပါသေးတယ်။

“ ပြစ်တင်နေမှုတွေက ၅၀ - ၅၀ ပါပဲ၊ နားလည်မှုလွဲတာပါပဲ၊ အဲ့ဒီနေ့က သူ့ရဲ့အောင်ပွဲခံဟန်ကိုကြည့်မယ်ဆိုရင်လည်း ပရိသတ်တွေရဲ့ ပြောဆိုတာကို အနည်းငယ်တော့ ခံရသင့်ပါတယ်။” လို့ ဘိုနော့ချီက ပြောခဲ့တာပါ။ အီတလီရဲ့ အနာဂတ်ဖြစ်တဲ့ ကီတစ်ယောက်နောက်ထပ် ဒီလို ထပ်တူ အောင်ပွဲခံဟန်မျိုး ပြုမူတော့မှာ မဟုတ်ပဲ အခုလောက်ဆို သူ တော်တော်လေး စိတ်ပင်ပန်းနေလောက်ပြီလို့လည်း အီတလီနည်းပြ မန်ချီနီက ပြောခဲ့ပါ သေးတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က