loading...

loading...

loading...

ချန်ပီယံလိဂ် ရှုံးထွက်အဆင့်သွင်းဂိုးနှုန်း ဖြစ်ပါတယ်။
Kyaw Ko Ko Sint

ပေါ်တိုကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရှုံးထွက်အဆင့် ၁၀ ဂိုးမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး တစ်ဂိုးသွင်းဖို့ ကြာချိန် ၉၅ မိနစ်သာရှိတယ်လို့ Opta Sports စစ်တမ်းက ဖော်ပြထားပါတယ်။

လီဗာပူးအသင်းမှ ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူးမာနေးရဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ မိနစ်အလိုက်ဂိုးသွင်းနှုန်းက မက်ဆီ၊ ရော်နယ်ဒိုထက် ပိုမို မြင့်မားနေတယ်လို့ Daily Mail ကဖော်ပြပါတယ်။ မာနေးအနေနဲ့ အုပ်စုတွင်းကို ကျော်ဖြတ်လာချိန်မှာတော့ ၁၀ ဂိုးအထိ ရှုံးထွက်အဆင့်မှာ သွင်းယူထားနိုင်ပြီး တစ်ဂိုးသွင်းဖို့ ကြာချိန်ကတော့ ၉၅ မိနစ်သာ ကြာမြင့်တယ်လို့ Opta Sports စစ်တမ်းက ဆိုပါတယ်။

ဒီသွင်းနှုန်းက ရော်နယ်ဒိုထက် ၁၂ မိနစ် ပိုမြန်နေတယ်လို့ တွက်ချက်ထားတာ တွေ့ရပြီး မက်ဆီထက်တော့ ၃၄ မိနစ်ထိ ပိုမို မြန်နေတာလည်း တွေ့ရမှာပါ။ ပြီးခဲ့တဲ့ ပေါ်တိုကို အဝေးကွင်းမှာ ၄-၁ ဂိုးနဲ့ ထပ်မံ အနိုင်ရခဲ့တဲ့ပွဲမှာ မာနေးက အသင်းအတွက် အဖွင့်ဂိုးကို သွင်းပေးခဲ့တာပါ။

ဒီဂိုးက သူ့အတွက်တော့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေမှာ သွင်းယူတဲ့ ၁၀ ဂိုးမြောက် ဂိုးလည်း ဖြစ်လာခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း ရွှေ့ဖိနပ်ဆုအတွက် ကစားဖော် ဆာလာနဲ့ မန်စီးတီးက တိုက်စစ်မှူး အဂူရိုတို့ ထက် တစ်ဂိုးသာ လျော့နည်းနေပြီး သွင်းဂိုး ၁၈ ဂိုးအထိ ရယူထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က