ယူရိုပါလိဂ် အုပ်စုတွင်းပြိုင်ဖက်တွေကတော့ ပေါ်တူဂီ၊အဇာဘိုင်ဂျန်နဲ့ယူကရိန်းနိုင်ငံတို့က အသင်းတွေ ဖြစ်ပါတယ်။
Kyaw Ko Ko Sint

အဇာဘိုင်ဂျန်ကလပ် ကွာရာဘတ်ကို သွားဖို့ မိုင်ပေါင်း ၂၄၀၀ ခရီးနှင်ရမှာဖြစ်ပြီး ၃ သင်းပေါင်းရင် အာဆင်နယ်အသင်းအတွက် မိုင် ၁၀၀၀၀ ကျော် ခရီးနှင်ရမှာ ဖြစ်ပါတယ်။



Photo - thesportsman.com

 

ဥရောပ ယူရိုပါလိဂ် အုပ်စုပွဲစဉ်တွေကတော့ မဲခွဲပြီးသွားပါပြီ။ ဒီအချိန်မှာတော့ လန်ဒန်ကလပ်အသင်းတွေ ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့လည်း ကိုယ်စီ အုပ်စုတွေမှာ ပြိုင်ဖက်ကောင်းတွေနဲ့ တွေ့ဆုံနေကြပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီ ယူရိုပါလိဂ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ဂရစ်မန်းဇ်ဆွတ်ခူး 

အာဆင်နယ်အသင်းကတော့ မနှစ်က ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းခဲ့ပြီး ဒီနှစ်မှာတော့ အုပ်စု(င)မှာ ပေါ်တူဂီ ကလပ် စပို့တင်း၊အ ဇာဘိုင်ဂျန်ကလပ် ကွာရာဘတ်နဲ့ ယူကရိန်း ချန်ပီယံ ဗော့စ်ကလာ အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပါတယ်။

Photo - Daily Star

 

ဒီအသင်းတွေနဲ့ အာဆင်နယ်အသင်း အိမ်ကွင်းအဝေးကွင်းနှစ်ကျော့ကစားရမှာ ဖြစ်တာကြောင့် ပြိုင်ဖက် အသင်း ၃ သင်းရဲ့ တည်နေရာ အကွာ အဝေးက အာဆင်နယ်အသင်းကို ခရီးပန်း စေတော့မှာလည်း ဖြစ်ပါတယ်။

အဇာဘိုင်ဂျန်ကလပ် ကွာရာဘတ်အသင်းနဲ့ကစားဖု့ိ ဘာကူမြို့ကို လေယာဉ်နဲ့ သွားဖိုအတွက် မိုင်ပေါင်း ၂၄၀၀ကိုခရီးနှင်ရမှာဖြစ်သလို အဝေးကွင်း ၃ သင်းစလုံးပေါင်း ခရီးမိုင်ကတော့ မိုင်ပေါင်း ၁၀၀၀၀ ကျော်ရှိနေတာလည်း ဖြစ်ပါတယ်။

Photo - Times Of Oman

 

အာဆင်နယ်အသင်းရဲ့ ပြိုင်ဖက်တွေကလည်း ခေသူမဟုတ်ပဲ ပြီးခဲ့တဲ့ နွေရာသီက ကစားသမားတွေအားလုံး အသင်းပရိသတ်တွေရဲ့ လုပ်ရပ် တွေကို စိတ်ပျက်လို့ အသင်းနဲ့ စာချုပ်ဖျက်သိမ်းကြဖို့ တောင်းဆိုခံထားရတဲ့ စပို့တင်းအသင်း၊ ၂၀၁၇-၁၈ ယူကရိန်း လိဂ် ချန်ပီယံ ဗော့စ်ကိုလာ အသင်းနဲ့ မနှစ်က ချန်ပီယံလိဂ် ပြိုင်ပွဲအထိ တက်လှမ်းယှဉ်ပြိုင်ထားနိုင်ခဲ့တဲ့ ကွာရာဘတ်အသင်းတို့ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ ဒီအုပ်စုမှာ ပါဝင်နေတဲ့ ယူကရိန်းမြေမှာတော့ နောက်ဆုံး ၅ ပွဲကစားထားရမှာ ၄ ပွဲအထိ ရှုံးထားပြီး ၁ ပွဲသာ သရေကစားထားနိုင်တဲ့အထိ မှတ်တမ်း ဆိုးကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ယူရိုပါလိဂ် ပွဲစဉ်တွေကိုတော့ စက်တင်ဘာလ ၂၀ ကနေ စတင်ကစားသွားမှာ ဖြစ်ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့မှာ အုပ်စုနောက်ဆုံးပွဲစဉ်တွေကို စားစေမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က