ဂျာမနီထိပ်တန်းလိဂ်၂ခုကို ဧပြီ၂ရက်နေ့မတိုင်မီအထိ ရပ်နားထားပါတယ်။
Kyaw Ko Ko Sint

ကိုရိုနာဗိုင်းရပ်စ်တိုက်ထုတ်ရာမှာ တိုင်းပြည်ကို ကူညီထောက်ပံ့ဖို့ သူတို့ရဲ့လစာငွေတွေကို မယူပဲ လှူဒါန်းဖို့ စွန့်လွှတ်ခဲ့ကြတာပါ။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်မှုကို ထောက်ပံ့ဖို့အတွက် ဂျာမနီကလပ် မိုချမ်ဂလာဘတ်အသင်းသားတွေအနေနဲ့ သူတို့ ရစရာရှိတဲ့ လုပ်ခလစာတွေကို မယူပဲ တိုင်းပြည်အတွက် ထောက်ပံ့ပေးဖို့ တောင်းဆိုလာခဲ့တယ်လို့ BBC SPORT သတင်းဌာနကဖော်ပြလာပါတယ်။

ဂျာမနီမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူစက်ပျံ့နှံ့မှုကြောင့် ဧပြီလ ၂ ရက်နေ့အတိုင်ခင်အထိ ထိပ်တန်းလိဂ် ၂ ခုကို ရပ် နားထားပါတယ်။

“ကစားသမားတွေက ဘာတွေ ဖြစ်လာမလဲ သိပါတယ်၊အခုလုပ်ရပ်က သူတို့အလုပ်ပါပဲ၊သူတို့ကိုယ်သူတို့ သိထား ပြီး ဖြစ်သလို ဘာလုပ်ရမလဲဆိုတာကိုပါ သိထားကြပြီးသားပါ။”လို့ ကလပ်အသင်း မန်းနေးဂျင်းဒါရိုက်တာ စတီဗင် ရှက်ဖ်ပါက ဆိုပါတယ်။

အခုလိုမျိုး လုပ်ခလစာတွေကို စွန့်ပစ်ပြီး တိုင်းပြည်အတွက် ဗိုင်းရပ်စ်ပိုးကာကွယ်မှုမှာ ပါဝင် လှူဒါန်းတဲ့ ဖြစ်စဥ်က တော့ မိုချမ်ဂလာဘတ် ကစားသမားတွေနဲ့နည်းပြ ဒါရိုက်တာတွေက ပထမဆုံးလို့လည်း သိရပါတယ်။

ဂျာမနီ သတင်းဌာန တစ်ခုဖြစ်တဲ့ Blidကဖော်ပြရာမှာလည်း ဂျာမနီ လက်ရွေးစင် ဘောလုံးအသင်းကလည်း ယူရို ၂.၅သန်း လှူဒါန်းသွားမယ်လို့ သိရပါတယ်။

“မိုချမ်ရဲ့ ရည်မှန်းချက်ပန်းတိုင်က ကိုရိုနာ ကင်းစင်ဖို့ပါ။အဲ့ဒါကို ရဖို့ဆိုရင် တစ်ဦးနဲ့တစ်ဦး ရပ်စဲခြင်းအကြောင်း ကြားရမှာမဟုတ်ပဲ ပူးပေါင်း တိုက်ထုတ်ရမှာပါ။”လို့ မန်းနေးဂျင်းဒါရိုက်တာက ဆက်လက်ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပမှာသာမက ကမ္ဘာမှာပါ အားကစားပွဲအားလုံးနီးပါး ရပ်နားထားရသလို စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံပြီးရင် အီတလီနိုင်ငံက ကူးစက်သေဆုံးနှုန်းအမြင့်ဆုံး ဖြစ်နေပါတယ်။

မိုချမ်ဂလာဘတ်ကတော့ ဘွန်ဒက်လီဂါ ၂၅ပွဲကစားပြီးချိန်မှာ ၄၉မှတ်နဲ့အဆင့် ၄နေရာမှာရပ်တည်နေပါတယ်။


က္က