ဒီတစ်ရာသီလုံးမှာ တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့တဲ့ အတ္တလန္တာဟာ ပွဲပေါင်း (၂၀)အထိ အနိုင်ရရှိခဲ့ပြီး စီးရီးအေရဲ့ အကောင်းဆုံးတိုက်စစ်အသင်းအဖြစ်လည်း ရပ်တည်နိုင်ခဲ့ကာ သွင်းဂိုးစုစုပေါင်း (၇၇)ဂိုးအထိ ရယူနိုင်ခဲ့ပါတယ်။
မနေ့က ကစားခဲ့တဲ့ စီးရီးအေပွဲစဉ် (၃၈)အပြီးမှာတော့ အတ္တလန္တာအသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အိမ်ကွင်းမှာ ဆာဆူအိုလိုအသင်းကို (၃-၁) နဲ့ အနိုင်ရရှိခဲ့တဲ့နောက်မှာ အတ္တလန္တာက အဆင့်(၃)နေရာ ရပ်တည်နိုင်ခဲ့ပြီး အင်တာမီလန်နဲ့ ရမှတ်တူခဲ့ပေမယ့် ဂိုးကွာခြားချက်ကြောင့် အပေါ်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။
ဒီတစ်ရာသီလုံးမှာ တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့တဲ့ အတ္တလန္တာဟာ ပွဲပေါင်း (၂၀)အထိ အနိုင်ရရှိခဲ့ပြီး စီးရီးအေရဲ့ အကောင်းဆုံးတိုက်စစ်အသင်းအဖြစ်လည်း ရပ်တည်နိုင်ခဲ့ကာ သွင်းဂိုးစုစုပေါင်း (၇၇)ဂိုးအထိ ရယူနိုင်ခဲ့ပါတယ်။ ချန်ပီယံဖြစ်ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းတောင်မှ အတ္တလန္တာထက် သွင်းဂိုး (၇)ဂိုး လျော့နည်းခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
ဆာဆူအိုလိုအသင်းက ဘာရာဒီရဲ့ ဦးဆောင်ဂိုးနဲ့ အတ္တလန္တာကို ခြိမ်းခြောက်ခဲ့ပေမယ့် ဇာပါတာက ချေပဂိုးပြန်လည်သွင်းယူပေးခဲ့ကာ ဒုတိယပိုင်းမှာ ပါပူဂိုမက်ဇ် နဲ့ ပါဆာလစ်တို့က အနိုင်ဂိုးတွေ ထပ်မံသွင်းယူခဲ့ပြီး အတ္တလန္တာကို ချန်ပီယံလိဂ်ဝင်ရောက်ခွင့် ရရှိစေခဲ့ပါတယ်။ အင်တာမီလန်ကလည်း အိမ်ကွင်းမှာ အမ်ပိုလီကို နိုင်ဂိုလန်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ရယူနိုင်ခဲ့ပါတယ်။
ကီတာဘလိတ်က ဒုတိယပိုင်း (၅၁)မိနစ်မှာ ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ဂျူနီယာထရာအိုရေးက အမ်ပိုလီအတွက် (၇၆)မိနစ်မှာ ပြန်လည်ချေပခဲ့ပါတယ်။ အမ်ပိုလီက အင်တာမီလန်ဆီက သရေတစ်မှတ်ရရှိခဲ့မယ်ဆိုရင် တန်းမဆင်းရဖို့ ရှောင်ရှားနိုင်မှာဖြစ်လို့ အစွမ်းကုန်ကြိုး
စားခဲ့ပေမယ့်လည်း နိုင်ဂိုလန်က (၈၁)မိနစ်မှာ အဖိုးတန်အနိုင်ဂိုးကို အင်တာအတွက် သွင်းယူပေးသွားခဲ့ပါတယ်။
အေစီမီလန်ကလည်း အဝေးကွင်းမှာ SPAL ကို အကြိတ်အနယ်ကစားပြီး နိုင်ပွဲရခဲ့ပေမယ့် အတ္တလန္တာရော၊ အင်တာမီလန်ပါ အနိုင်ရသွားခဲ့လို့ ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်သွားခဲ့ရပါတယ်။ အေစီက နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပေမယ့် SPAL က နှစ်ဂိုးလုံးကို ပြန်လည်ချေပခဲ့ပြီး
အေစီကို အခက်တွေ့စေခဲ့ပါတယ်။ ကက်ဆီက ပယ်နယ်တီကတဆင့် အနိုင်ဂိုးသွင်းခဲ့ပေမယ့် အေစီအတွက်တော့ နောက်ကျခဲ့ပါတယ်။
စီးရီးအေဘောလုံးရာသီအပြီးမှာ ဂျူဗီ၊ နာပိုလီ၊ အတ္တလန္တာနဲ့ အင်တာမီလန်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပြီး အေစီမီလန်၊ ရိုးမား နဲ့ လာဇီယိုတို့က ယူရိုပါလိဂ်ဝင်ခွင့်ကို အသီးသီးရရှိခဲ့ပါတယ်။ အမ်ပိုလီ၊ ဖရိုဆီနွန် နဲ့ ချီယေဗိုတို့ကတော့ တန်းဆင်းသွားခဲ့ရပြီ ဖြစ်ပါတယ်။ ရွှေဖိနပ်ဆုကိုတော့ ဆမ်ဒိုရီးယားတိုက်စစ်မှူး ကွာဂလီရယ်လာက သွင်းဂိုး (၂၆)ဂိုးနဲ့ ရယူသွားခဲ့ပါတယ်။