အသင်းမှာ ခွဲခြားဆက်ဆံခံနေရတယ်လို့ အစ္စကိုက မကြာမီက ပြောခဲ့တာပါ။
Pyae Phyo Thein

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား အစ္စကိုဟာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ကစားရမယ့် ရီးရဲလ်လူစာရင်းမှာ ပါဝင်လာခြင်းမရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်အတွင်းက ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ်မှာလည်း ဝင်ရောက်ကစားခွင့်မရရှိခဲ့တဲ့ အစ္စကိုဟာ မက်ဒရစ်ဒါဘီပွဲအတွက်လည်း ဆိုလာရီရဲ့ ချန်လှပ်မှုကို ခံခဲ့ရတယ်လို့ Four Four Two က ရေးသားခဲ့ပါတယ်။



အသင်းမှာ အခြားသော အသင်းသားတွေနဲ့ တူညီတဲ့ အခွင့်အရေးမျိုး မရရှိဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အစ္စကိုက နောက်ထပ်တစ်ကြိမ် အသင်းအတွက် ကစားခွင့်နဲ့ လွဲချော်ခဲ့ရပြန်ပြီ ဖြစ်ပါတယ်။ အစ္စကိုရဲ့ ထုတ်ဖော်ပြောဆိုမှုနဲ့ ပတ်သက်ပြီးလည်း ရီးရဲလ်နည်းပြ ဆိုလာရီက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲ ပြန်လည်တုံ့ပြန်ခဲ့ပါသေးတယ်။

"ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်အနေနဲ့ သူ့အလုပ်ကို အကောင်းဆုံး လုပ်နိုင်ရပါမယ်၊ ပွဲကစားခွင့်ရဖို့အတွက် ရာနှုန်းပြည့်လေ့ကျင့်မှုလည်း ရှိနေရပါမယ်၊ အသင်းက အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်၊ ကစားသမားအားလုံးကလည်း သူတို့အလုပ်ကို ကောင်းကောင်းလုပ်နေပြီး လေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။

ဆိုလာရီရဲ့ ပြောစကားဟာ အစ္စကိုအနေနဲ့ ဒီထက်ပိုပြီး ကြိုးစားဖို့ လိုအပ်နေတယ်လို့ သွယ်ဝိုက်သတိပေးခဲ့တာလည်း ဖြစ်ပါတယ်။ အစ္စကိုဟာ ဆိုလာရီလက်ထက်မှာ အမှတ်ပေးပြိုင်ပွဲတွေကို ပွဲထွက်ကစားသမားအဖြစ် လုံးဝကစားခွင့်မရရှိသေးပဲ အရန်ခုံမှာသာ အချိန်ကုန်နေခဲ့ရတာ ဖြစ်ပါတယ်။ ဒီအတွက် ဆိုလာရီ နဲ့ အစ္စကိုတို့ကြားမှာ ဆက်ဆံရေး အေးစက်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

အသင်းအတွက် ဝင်ရောက်ကစားပေးခွင့်ရဖို့ မျှော်လင့်နေပေမယ့် အစ္စကိုဟာ အရေးကြီးပွဲစဉ်အတွက်တော့ လူစာရင်းကနေ ချန်လှပ်ခံနေရဆဲ ဖြစ်ပါတယ်။ သူ့အတွက်တော့ စိတ်ပျက်စရာတွေကို ထပ်မံကြုံတွေ့ခဲ့ရတာဖြစ်ပြီး လာမယ့်ရာသီမှာ ဘာနေဗျူးနေ အစ္စကို ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကလည်း ပိုမိုခိုင်မာလာခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ


Author


က္က