ရီးရဲဥက္ကဌပီးရက်ဇ်လည်း တက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။
Kg Htet

စပိန်သတင်းစာ Marca က ပေးအပ်ချီးမြှင့်တဲ့ Marca Leyenda ဆုကို ဆုပေးပွဲအခမ်းအနားမှာ ဂျူဗင်တပ်ကြယ်ပွင့်ရော်နယ်ဒိုက မက်ဒရစ်ကို မကြာခင် ပြန်သွားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။

ဘလွန်းဒီအော် ၅ ဆုရှင် ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒိုဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖြစ် အောင်မြင်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့မှုနဲ့ ကမ္ဘာတလွှားမှာ ရရှိခဲ့တဲ့ ရပ်တည်ချက်တွေအတွက် မက်ဒရစ်မှာ ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။ ဆုလက်ခံရယူခဲ့တဲ့ ရော်နယ်ဒိုုဟာ ပွဲကို တက်ရောက်လာတဲ့ ကလေးငယ်တွေနဲ့ အမေးအဖြေတွေ ပြုလုပ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်း ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်လည်း တက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။



"ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာခဲ့ရလို့ ကျွန်တော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ မန်ချက်စတာကိုရော၊ မက်ဒရစ်ကိုပါ ကျွန်တော်သတိရမိပါတယ်။ ဒါပေမယ့် ဘဝရဲ့အခြေအနေအချိန်အခါတွေကြောင့် ကျွန်တော် မက်ဒရစ်မှာ အချိန်အကြာကြီးရှိနေခဲ့ပါတယ်။ ကျွန်တော့်ကလေးတွေကိုလည်း ဒီမှာမွေးဖွားခဲ့တာဖြစ်လို့ ပိုပြီးတော့ သတိရမိပါတယ်။ ဒီဆုတံဆိပ်က ကျွန်တော့်ရဲ့ပြတိုက်ထဲက အရမ်းကောင်းမွန်တဲ့နေရာမှာရှိနေမှာပါ။ မက်ဒရစ်က ထူးခြားပါတယ်။ ကျွန်တော် ခရီးတွေအများကြီးသွားခဲ့ဖူးပါတယ်။ ဒါပေမယ့် မက်ဒရစ်လို့ မြို့မျိုးက နည်းနည်းလေးပဲ ရှိပါတယ်”

“ကျွန်တော် ဒီဆုကို ရရှိခဲ့တာကလည်း မက်ဒရစ်မှာ ကျွန်တော် လုပ်ခဲ့တာတွေဆီကနေ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုက စပိန်ဆုတံဆိပ်ဖြစ်ပြီး ကျွန်တော့်ကို အရမ်းကို ဂုဏ်ယူမိစေပါတယ်။ ဆုတံဆိပ်ရရှိအောင် ကျွန်တော့်ကို ကူညီပေးခဲ့ကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အဲဒါက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ။ ပြီးတော့ ကျွန်တော် မက်ဒရစ်ကို မကြာခင်မှာ ပြန်လာဖို့ မျှော်လင့်မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က