အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ နောက်ကျတော့မှာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ Gulfstream G650 ဂျက်လေယာဉ်ဟာ ပေါင်သန်း ၃၀ တန်ကြေးရှိတယ်လို့ သိရပြီး သူ့ကို မက်ဒရစ်ကနေ မက်ဒဲရာကျွန်းကို လာရောက်ခေါ်ဆောင်ရမှာဖြစ်ပါတယ်။


ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့အတွက် စီစဉ်ထားပေမယ့်လည်း သူ့ရဲ့ကိုယ်ပိုင်လေယာဉ်ဟာ မက်ဒရစ်လေဆိပ်ကနေ ထွက်ခွာခွင့်မရတဲ့အတွက် မက်ဒဲရားမှာပဲ ဆက်လက်ရှိနေတယ်လို့ သိရပါတယ်။ ဂျူဗီက ဒီနေ့မှာ လေ့ကျင့်ခန်းပြန်လည်ပြုလုပ်တော့မှာဖြစ်ပြီး ရော်နယ်ဒိုအနေနဲ့ အချိန်မီရောက်ရှိဖို့ မဖြစ်နိုင်တော့တာလည်းဖြစ်ပါတယ်။ 

စီးရီးအေကလပ်တွေအနေနဲ့ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်လို့ရရှိပြီလို့ အီတလီအစိုးရက ခွင့်ပြုခဲ့ပြီးနောက် ကလပ်အသင်းတွေက သူတို့ရဲ့ကစားသမားတွေကို ပြန်လည်စုစည်းနေပြီလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ တနင်္ဂနွေနေ့ညနေပိုင်းမှာ တူရင်ကို သွားရောက်ဖို့ စီစဉ်ထားပေမယ့်လည်း သူ့ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်က မက်ဒရစ်မြို့ကနေ ထွက်ခွာဖို့ ပိတ်ပင်ခံခဲ့ရကြောင်း TVI သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

ရော်နယ်ဒိုရဲ့ Gulfstream G650 ဂျက်လေယာဉ်ဟာ ပေါင်သန်း ၃၀ တန်ကြေးရှိတယ်လို့ သိရပြီး သူ့ကို မက်ဒရစ်ကနေ မက်ဒဲရာကျွန်းကို လာရောက်ခေါ်ဆောင်ရမှာဖြစ်ပါတယ်။ အဲဒီကမှတဆင့် တူရင်ကို သွားရောက်ပြီး ပြန်လည်ကစားဖို့ လေ့ကျင့်ပြင်ဆင်မှုတွေမှာ အသင်းနဲ့ ပူးပေါင်းဖို့ ရော်နယ်ဒိုက စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် စပိန်မှာ ခရီးသွားလာထွက်ခွာခွင့်ကို ပိတ်ပင်ကန့်သတ်ထားလို့ ရော်နယ်ဒိုအတွက်တော့ အခက်ကြုံနေရတာဖြစ်ပြီး မက်ဒဲရားမှာပဲ နေထိုင်နေရပါတယ်။ ဒါကြောင့် ရော်နယ်ဒိုအနေနဲ့ အသင်းရဲ့အစောပို်င်းလေ့ကျင့်ခန်းအစီအစဉ်တွေကို လွဲချော်ရတော့မှာဖြစ်ပြီး ဂျူဗီအတွက်လည်း ဒီကိစ္စက စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်လာခဲ့ပါတယ်။ 

အီတလီအစိုးရကတော့ နိုင်ငံတွင်းမှာ အားကစားပြိုင်ပွဲတွေမကျင်းပဖို့ မေလ ၁၈ ရက်နေ့အထိ ကန့်သတ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ်နှစ်ပတ်အကြာမှာတော့ ဒေသတွင်းက ဧရိယာတချို့မှာ တားမြစ်ချက်တွေပြန်လည်ရုတ်သိမ်းဖို့ စီစဉ်ထားပြီး အီတလီစီးရီးအေပွဲစဉ်တွေကိုလည်း ပြန်လည်ကစားဖို့ရာ ခွင့်ပြုချက်ပေးဖို့ရှိနေတယ်လို့လည်း သိရပါတယ်။ 



က္က