၂ သင်းစလုံးဟာ ဥရောပပြိုင်ပွဲမှာ ပထမဆုံး တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Kg Htet

ယနေ့ည(မြန်မာစံတော်ချိန် တနင်္ဂနွေနေ့နံနက် ၁ နာရီ ၃၀ မိနစ်)မှာ လီဗာပူးအသင်းနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ဟာ အက်သလက်တီကိုမက်ဒရစ်အိမ်ကွင်း ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းကြီးမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားကြတော့မှာဖြစ်ပါတယ်။


ထိပ်တိုက်တွေ့ဆုံမှု

-လီဗာပူးနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ဟာ စုစုပေါင်း ၁၇၂ ကြိမ်တွေ့ဆုံခဲ့ဖူးပြီး လီဗာပူးအသင်းက ၈၂ ပွဲနိုင် ၄၂ ပွဲသရေ စပါးအသင်းက ၄၈ ပွဲအနိုင်ရရှိထားပါတယ်။ အင်္ဂလန်အပြင်ဘက် ဥရောပပြိုင်ပွဲမှာတော့ ပထမဆုံးအကြိမ် တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။




ပွဲကြိုအချက်အလက်များ

-လီဗာပူးအသင်းဟာ ၎င်းတို့ရဲ့ ၉ ကြိမ်မြောက် ဥရောပဖလား/ချန်ပီယံလိဂ်ဖလားဗိုုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဘယ်အင်္ဂလိပ်အသင်းထက်မဆို ပိုမိုများတဲ့အကြိမ်ရေဖြစ်ပါတယ်။ လီဗာပူးအသင်းက ဥရောပဖလားကို ၅ ကြိမ်ရရှိထားပေမယ့် နောက်ဆုံးဗိုလ်လုပွဲ ၂ ပွဲမှာတော့ ရှုံးနိမ့်ထားပါတယ်။

-စပါးအသင်းဟာ အသင်းသမိုင်းတလျှောက် ပထမဆုံး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်အဖြစ် နောက်ဆုံးတက်ရောက်ခဲ့တဲ့ ၅ သင်းကတော့ အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။(ချယ်ဆီး ၂၀၀၈၊ အာဆင်နယ် ၂၀၀၆၊ မိုနာကို ၂၀၀၄၊ ဘိုင်ယန်လေဗာကူဆင် ၂၀၀၂၊ ဗလင်စီယာ ၂၀၀၀)

-လီဗာပူးနဲ့ စပါးတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ဟာ ဒုတိယအကြိမ်အဖြစ် ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းအချင်းချင်းတွေ့ဆုံတဲ့ပွဲစဉ်ဖြစ်ပြီး ၂၀၀၈ ခုနှစ်က မန်ချက်စတာယူနိုက်တက်အသင်း ချယ်ဆီးအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

-လီဗာပူးအသင်းဟာ ယခုရာသီမှာ စပါးအသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ၂ ကြိမ်စလုံး အနိုင်ရရှိထားပြီး စပါးအသင်းကို တစ်ရာသီအတွင်း ၃ ကြိမ်ထက်အနိုင်ရရှိခဲ့တာ ၁၉၈၅-၁၉၈၆ ရာသီက နောက်ဆုံးဖြစ်ပါတယ်။


ချာလီနီကိုလတ်စ်ရဲ့ ပွဲကြိုသုံးသပ်ချက်

၂ သင်းစလုံးက တုံးတိုက်တိုက်ကျားကိုက်ကိုက်ဆိုတဲ့စိတ်မျိုးရှိတဲ့အသင်းတွေပဲ။ ဒါပေမယ့် လီဗာပူးက အရည်အသွေးနဲ့စတိုင်လ်ပိုရှိတယ်။ စပါးက တူညီတဲ့ ကစားသမား ၁၆ ယောက် ဒါမှမဟုတ် ၁၇ ယောက်ကိုပဲ အသုံးပြုမှာဖြစ်ပြီး လီဗာပူးကတော့ အသစ်တွေကို သုံးမှာပါ။ ဟယ်ရီကိန်းကတော့ အရန်ခုံမှာပဲ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စက မျှော်လင့်ထားတာထက် ပိုရှုပ်မယ့်ကိစ္စပါ။

လီဗာပူးရော စပါးကပါ တိုက်စစ်ဆင်တာ ပိုအားသန်တဲ့အသင်းတွေပါ။ ဒါပေမယ့် တခါတရံမှာ ဘယ်သူကမှ ဘောလုံးကို မထိန်းချုပ်နိုင်ပါဘူး။ အဲဒီအခါမှာ စွမ်းအားနဲ့ မောင်းနှင်နိုင်စွမ်းက စကားပြောမှာပါ။ ရုပ်ပိုင်းဆိုင်ရာယှဉ်ပြိုင်မယ့် ဗြိတိန်ပွဲစဉ်ဖြစ်ပါလိမ့်မယ်။


ချာလီနီကိုးလတ်စ်ရဲ့ပွဲပြီးရလဒ်ခန့်မှန်းချက်(တော့တင်ဟမ်ဟော့စပါး ဝ-၁ လီဗာပူး)


ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်း



ဆက်စပ်အကြောင်းအရာများ


Author


က္က