ကစားသမားရဲ့တန်ဖိုးအပေါ် သုံးသပ်ဝေဖန်ခဲ့တာပါ။

ယူနိုက်တက်အနေနဲ့ အင်္ဂလန်နောက်ခံလူကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးပေးချေခဲ့ရတာဖြစ်ပြီး လော်ရန်တစ်က သူသာဆိုရင် မက်ဂွိုင်းယားကို ပေါင်သန်း (၃၀)ထက် ပိုမပေးဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။


နာပိုလီအသင်းဥက္ကဌအော်ရီလီယိုဒီလော်ရန်တစ်က ယူနိုက်တက်က ခေါ်ယူခဲ့တဲ့ ဟယ်ရီမက်ဂွိုင်းယားရဲ့ တန်ကြေးဟာ ပေါင်သန်း (၈၀)တန်ကြေးရှိတယ်ဆိုရင် သူ့အသင်းနောက်ခံလူကူလီဘလီရဲ့တန်ကြေးဟာ ပေါင်သန်း (၂၀၀) အထိရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မက်ဂွိုင်းယားရဲ့ တန်ကြေးက ပေါင်သန်း (၃၀)ထက် မပိုဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။



မက်ဂွိုင်းယားဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ကမ္ဘာ့တန်ကြေးအမြင့်ဆုံးနောက်ခံလူအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ အင်္ဂလန်နောက်ခံလူကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးပေးချေခဲ့ရတာဖြစ်ပြီး လော်ရန်တစ်က သူသာဆိုရင် မက်ဂွိုင်းယားကို ပေါင်သန်း (၃၀)ထက် ပိုမပေးဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

"ကလပ်အသင်းတစ်သင်းအနေနဲ့ ပေါင်သန်း (၈၀၀)လောက် သုံးလို့ရမယ်ဆိုရင် ပေါင်သန်း (၈၀)တန်၊ (၉၀)တန် ကစားသမားတစ်ဦးကို ခေါ်ယူဖို့က ပြသနာမရှိပါဘူး၊ ကူလီဘလီရဲ့ တန်ဖိုးက ယူရိုသန်း (၁၅၀) ရှနိပါတယ်၊ အင်္ဂလန်မှာဆိုရင် သူတို့က ကစားသမားတစ်ဦးအတွက် ယူရို (၉၃)သန်းလောက် သုံးစွဲပေမယ့် ကျွန်တော်ကတော့ ယူရို သန်း၃၀ထက် ပိုမပေးပါဘူး"

"ဒါဆိုရင် မက်ဂွိုင်းယားရဲ့တန်ဖိုးက ယူရို (၉၃)သန်းဆိုတော့ ကူလီဘလီက ယူရိုသန်း (၂၅၀)လောက် ရှိနေမလား?" လို့ လော်ရန်းတစ်က ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်ကတော့ နာပိုလီနောက်ခံလူ ကူလီဘလီကို သူတို့ရဲ့ ပစ်မှတ်ကစားသမားအဖြစ် သတ်မှတ်ခဲ့ဖူးပြီး ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ဖူးတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လော်ရန်တစ်က ကူလီဘလီအတွက် ယူရိုသန်း (၁၅၀)ခန့်တောင်းဆိုခဲ့လို့ ယူနိုက်တက်က နောက်ဆုတ်ခဲ့ရတာဖြစ်ပါတယ်။ အမည်မဖော်ပြတဲ့ အသင်းတစ်သင်းကလည်း ကူလီဘလီအတွက် ယူရို ၁၀၅သန်းတန်ကြေးရှိတဲ့ ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့သေးပြီး နာပိုလီက ငြင်းဆန်ခဲ့တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က