တံကောက်ကြောဒဏ်ရာရခဲ့တာပါ။
Kyaw Ko Ko Sint

မက်ဆီအနေနဲ့ ပွဲချိန်အတွင်း ဒဏ်ရာရခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ချက်ခြင်းမမြင်ခဲ့ကာ VAR စနစ်ပြန်ကြည့်ပြီးမှ ဘာစီလိုနာအသင်းဖက်ကို ပင်နယ်တီကန်ခွင့်ပေးခဲ့တာပါ။

နာပိုလီကို ၃-၁နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒု-ကျော့ပွဲစဥ်မှာ တံကောက်ကြောဒဏ်ရာရခဲ့တဲ့ အသင်းခေါင်းဆောင်မက်ဆီအနေနဲ့ လာမယ့် ဘိုင်ယန်မြူးနစ်နဲ့ ကစားရမယ့် ကွာတားဖိုင်နယ်ပွဲကို လွဲချော်မှာ မဟုတ်ပဲ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်လာနိုင်မယ်လို့ နည်းပြဖြစ်သူ ဆီတီယန်က ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောသွားပါတယ်။

မက်ဆီအနေနဲ့ ပွဲချိန် ၃၉မိနစ်မှာ နာပိုလီနောက်ခံလူနဲ့ ဘောလုံးယှဥ်လုရင်း တံကောက်ကြောကို မတော်တဆ ထိခိုက်မိ ခဲ့တာပါ။

ဒီဖြစ်စဥ်က ပင်နယ်တီ ဧရိယာထဲမှာ ဖြစ်ခဲ့တာ ဖြစ်ပြီး ကွင်းလယ်ဒိုင်လူကြီးက ချက်ခြင်း အရေးယူနိုင်ခဲ့ခြင်းမရှိပဲ VAR စနစ်ကို ပြန်ကြည့်ပြီးမှသာ ဘာစီလိုနာအသင်းဖက်ကို ပင်နယ်တီကန်ခွင့်ပေးခဲ့တာပါ။

“မက်ဆီအနည်းငယ်တော့ ဒဏ်ရာရခဲ့ပါတယ်။ဒါပေမယ့် ပြဿနာတစ်ခုတော့ မဟုတ်ပါဘူး။သူအဆင်ပြေပါတယ်။ ကျွန်တော်တို့ သေချာ စစ်ဆေးမှုတွေ လုပ်ပေးသွားမှာပါ။ပြဿနာမရှိပါဘူး။သူ့အနေနဲ့ နောက်တစ်ပတ် ကစားရမယ့် ဘိုင်ယန်နဲ့ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်လာမယ့်လို့ ယုံကြည်ပါတယ်။”လို့ ဆီတီယန်က ပြောခဲ့တယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။

မက်ဆီအနေနဲ့ ဒဏ်ရာရခဲ့ပေမယ့်လည်း ကုသမှု ခံယူအပြီး ဘောလုံးကို ဆက်လက်ကစားနိုင်ခဲ့သလို ကိုယ်တိုင်လည်း ၂၃ မိနစ်မှာ အံ့မခန်း စွမ်းရည်နဲ့ သွင်းဂိုးတစ်ဂိုး သွင်းပေးခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ယခုတစ်ကြိမ် ကွာတားဖိုင်နယ်တက်လှမ်းနိုင်မှုက ၁၃ကြိမ်ဆက်တိုက် တက်လှမ်းနိုင်မှုလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က