မက်ဆီက အာဂျင်တီးနားနဲ့စပိန် နှစ်နိုင်ငံသား ပတ်ပို့စ် ကိုင်ဆောင်ထားသူပါ။
Kyaw Ko Ko Sint

မက်ဆီအနေနဲ့ ဘာစီလိုနာ အကယ်ဒမီကို ၂၀၀၁ ခုနှစ်ကတည်းက ရောက်ရှိနေလို့ စပိန်ပတ်ပို့စ်ကိုပါ ကိုင် ဆောင်ခွင့်ရရှိထားတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက အာဂျင်တီးနား လက်ရွေးစင် လီယွန်နယ် မက်ဆီကို စပိန်လက်ရွေးစင် ကစားသမား အဖြစ် ကစားလာစေရေးအတွက် စပိန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ အပြင်းအထန် ကြိုးပမ်းနေတဲ့ အကြောင်း ယခင် စပိန်နဲ့ရီးရဲ မက်ဒရစ် နည်းပြဟောင်း ဒဲလ်ဘော့စကေးရဲ့ ထုတ်ဖော်ပြောပြချက်အရ သိရ တယ်လို့ Varskysports သတင်းဌာနက ဖော်ပြလာပါတယ်။



“ စပိန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ မက်ဆီကို စပိန်အတွက် ကစားဖို့ အမြဲတမ်း ကြိုးပမ်းနေတာ ကျွန်တော် သိပါ တယ်။ ဒါပေမယ့် မက်ဆီက သူ့နိုင်ငံကို ချစ်တာကြောင့် ငြင်းဆန်ထားတာလည်း ဖြစ်ပါတယ်။ကျွန်တော့် ဘဝမှာ မက်ဆီကို စပိန်အသင်းကို ကိုင်တွယ်ပြီး နည်းပြချင်တာကတော့ ဆန္ဒအဖြစ် ဒီ ကနေ့အထိ ရှိနေပါတယ်။”လို့ ဒဲလ်ဘော့စကေးက ပြောသွားတာပါ။

ဒဲလ်ဘော့စကေးက ၂၀၀၈ ကနေ ၂၀၁၆ အထိ စပိန်လက်ရွေးစင်အသင်းကို နည်းပြခဲ့သူ ဖြစ်ပြီး မက်ဆီ အနေနဲ့ကလည်း အာဂျင်တီးနားနဲ့ စပိန် နှစ်နိုင်ငံသား ပတ်ပို့စ်ကို ကိုင်ဆောင်ထားသူ ဖြစ်ပါတယ်။

မက်ဆီအနေနဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းကိုသာ ကိုယ်စားပြု ကစားခဲ့မယ်ဆိုရင် ဒီကနေ့ အချိန်မှာ ကမ္ဘာ့ဖလားအပြင် ဥရောပဖလားတွေကိုပါ ဆွတ်ခူး ပိုင်ဆိုင်ထားနိုင်ခဲ့မှာ ဖြစ်ပါတယ်။

မက်ဆီက ၂၀၀၁ ခုနှစ်မှာ ဘာစီလိုနာ အကယ်ဒမီကို စတင်ရောက်ရှိခဲ့သူ ဖြစ်ပြီး ကစားသမားဘ၀ တစ် လျှောက်လုံး ဘာစီလိုနာအသင်းမှာသာ ကစားလာတာ ဖြစ်တာကြောင့်စပိန် နိုင်ငံမှာ နေထိုင်တာ ၁၈ နှစ် တိတိ ရှိနေပြီလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က