မက်ဆီကတော့ တစ်သင်းတည်းမှာ ကစားနေသူဖြစ်ပါတယ်။

ဘယ်သူတွေ ပြောင်းပြောင်း မက်ဆီက မပြောင်းပဲရှိနေကာ မတူညီတဲ့ ကစားဖော်တွေနဲ့ ၁၅ နှစ်လောက် ကမ္ဘာ့ထိပ်ဆုံးမှာ ရပ်တည်နေသူလို့ ပြောခဲ့တာပါ။

အင်တာမီလန် ကစားသမားဟောင်း အဲဗာရိုရိကိုးဘားကတော့ တစ်သက်တာ အကောင်းဆုံး ကစားသမားအဖြစ် မက်ဆီကိုသာ သတ်မှတ်ထားတယ်လို့ ထုတ်ဖော်ပြောခဲ့တဲ့အကြောင်း Fox Sports Asia သတင်းဌာ နကဖော်ပြပါတယ်။ ရီကိုးဘားက ပီလီနဲ့ မာရာဒိုနာတို့ကိုလည်း ရည်ညွှန်းခဲ့ပေမယ့် ရော်နယ်ဒိုကိုတော့ ထည့်တွက်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။



“လူတွေက မာရာဒိုနာနဲ့ ပီလီအကြောင်းပြောချိန် မက်ဆီက ကမ္ဘာ့အကောင်းဆုံး အဖြစ် ၁၅ နှစ်လောက် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ လူတွေ ဘာပြောပြောသူဘာစီလိုနာက မထွက်သွားပါဘူး။ သူ့အသင်းဖော် တွေသာ ပြောင်းသွားပါတယ်၊ သူကတော့ ဒီအတိုင်းပါပဲ၊ ကျွန်တော့်အတွက်တော့ မက်ဆီသာလျှက်တစ်သက်တာ အကောင်းဆုံး ကစားသမားပါပဲ” လို့ ရီကိုးဘားက ပြောခဲ့ပါတယ်။ ရီကိုဘားကတော့ အင်တာမီလန်အသင်းမှာ ၁၁ နှစ်ကြာ ကစားခဲ့တဲ့ ဥရုဂွေး လက်ရွေးစင်ဟောင်း ကစားသမားတစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က