ဒေါ့မွန်နဲ့ပွဲမှာ ဂိုးမရှိ သရေဖြစ်ခဲ့ပါတယ်။

ဂရုဇ်မန်းကတော့ ဒီနှစ်မှ ယူရို သန်း ၁၂၀ နဲ့ ရောက်ရှိလာသူဖြစ်ပြီး မက်ဆီ၊ဆွာရက်ဇ်တို့ဲနဲ့ မိမိရရ တွဲဖက် ကစားနိုင်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။

အသင်းဖော်သစ်တွေ ဖြစ်တဲ့ မက်ဆီ၊ဆွာရက်ဇ်တို့နဲ့ နားလည်မှုရှိဖို့ အချိန်ယူရမယ်လို့ တိုက်စစ်မှူး ဂရုဇ်မန်းက ထုတ်ဖော်ပြောဆိုလာတဲ့အကြောင်း Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။



ဒေါ့မွန်ကိုဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ မက်ဆီအနေနဲ့ ဒုတိယပိုင်းမှာ လူးစားဝင်ကစားလာခဲ့ပြီး ဆွာရက်ဇ်နဲ့ ဂရုဇ်မန်း တို့ကတော့ ပွဲချိန်ပြည့် ကစားခဲ့ကြပါတယ်။



“ ကျွန်တော့်အတွက် နှစ်လအတွင်းမှာ သူတို့နဲ့ နားလည်မှု ပိုရဖို့ အချိန်ယူရပါမယ်။ လုံလောက်တဲ့ တီးခေါက်မှု မရှိသေးပါဘူး။ ဒါပေမယ့် သာစတီဂန်ကတော့ ပင်နယ်တီနဲ့ အခြား ကာကွယ်မှုတွေ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပိုကောင်းအောင် ကြိုးစားနေပါတယ်။” လို့ ဂရုဇ်မန်းက ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းအနေနဲ့ ဒေါ့မွန်အသင်းရဲ့အိမ်ကွင်းမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် အသင်းရဲ့ ကစားပုံကိုတော့ နည်းပြဗယ်လ်ဗာဒီက ကျေနပ်ကြောင်း ပြောပါတယ်။

“ အဝေးကွင်းပွဲတွေ တိုးတက်ဖို့လိုသေးတာ သိပေမယ့် ဒေ့ါမွန်နဲ့ပွဲကတော့ တကယ်ပွဲကောင်းဖြစ်ခဲ့ပါတယ်။ အရမ်းလည်း ကြောက်စရာကောင်းအောင် ဖိအားပေးခြင်း ခံခဲ့ရပါတယ်။ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ဖိုင်နယ်ဇုန်တွေမှာ ဘောလုံးအပျက်များနေခဲ့တာကြောင့်လည်း ပါပါတယ်။” လို့ ဗယ်လ်ဗာဒီကပြောခဲ့ပါတယ်။

ဂရုဇ်မန်းအနေနဲ့ကတော့ အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီနဲ့ မိမိရရ တွဲဖက်ကစားခွင့်မရသေးပဲ ဒီကနေ့ အထိ ကောင်းစွာ ပူးတွဲ ကစားနိုင်ခြင်း မရှိသေးတာပါ။

Share

Loading Next Article...
က္က