လာမယ့်လမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကစားရမှာပါ။

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီအနေနဲ့ လာမယ့် အောက်တိုဘာလမှာ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ Goal.comက ဖော်ပြလာပါတယ်။

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် ဥက္ကဌ တာပီယာက အတည်ပြုပေးလာတာ ဖြစ်ပြီး မက်ဆီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်က နောက်ဆုံးကစားခဲ့တဲ့ ချီလီနဲ့ ကိုပါအမေရိက တတိယနေရာလုပွဲမှာ ပြသခံခဲ့ရတဲ့ အနီကဒ်ပြစ်ဒဏ်က လွတ်မြောက်ပြီလို့ ဆိုလာတာပါ။



တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်အနေနဲ့ မူလက အာဂျင်တီးနား အသင်းခေါင်းဆောင်အနေနဲ့ ပြိုင်ပွဲအသွင်းကစားပွဲမှာ ပါဝင်ခွင့်ရမှာ မဟုတ်ဘူးလို့ သတင်းထုတ်ပြန်ထားပေမယ့် ဘရာဇီး၊ဥရုဂွေးတို့နဲ့ ခြေစမ်းပွဲတွေမှာတော့ မက်ဆီ ပါဝင်ခဲ့ပါ တယ်။

လာမယ့်လမှာတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် အီကွေဒေါ၊ဘိုလီဗီးယားအသင်းတို့နဲ့ကစားဖို့ရှိနေပြီး အာဂျင်တီးနား ဘောလုံအဖွဲ့ချုပ် ဥက္ကဌကတော့ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ရဲ့ မက်ဆီအပေါ် ပွဲပယ်မှု ပြစ်ဒဏ်ရှိနေသည့်တိုင် စိန်ခေါ်မှု ပြုလုပ်ခဲ့ပြီး မက်ဆီအပေါ် ပေးထားတဲ့ ပြစ်ဒဏ်က သက်တမ်းကုန်ဆုံးပြီလို့ ဆိုလာပါတယ်။

အသက် ၃၃နှစ်အရွယ် မက်ဆီကတော့ ယခုနှစ်ဘောလုံးရာသီအစမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီးမှ မထွက်ဖြစ်တော့ပဲ အသင်းမှာသာ ဆက်ရှိနေတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က