မက်ဆီက အသင်းက ထွက်ဖို့ နီးစပ်နေသူပါ။

၂၀၂၀-၂၁ရာသီမှာ အသုံးပြုမယ့် အိမ်ကွင်းဂျာစီသစ်ကို ထုတ်ဖော်ပြသရာမှာ မက်ဆီပုံကို အသုံးပြုလာတာနဲ့ ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခံနေရတာပါ။

မက်ဆီရဲ့အဖေနဲ့ ဘာစီလိုနာအသင်း ဥက္ကဌ ဘာတိုမြူတို့ မတွေ့ဆုံမီ နာရီပိုင်းအလိုလောက်က ဘာစီလိုနာ အသင်းရဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီ အိမ်ကွင်းဂျာစီသစ်ကို ဘာစီလိုနာအသင်းက ထုတ်ဖော်ပြသလာခဲ့ပါတယ်။



အဆိုပါ ဂျာစီသစ် မိတ်ဆက်တဲ့ ဓာတ်ပုံမှာ အသင်းကထွက်တော့မယ်လို့ သတင်းထွက်ပေါ်နေတဲ့ မက်ဆီရဲ့ ရုပ်ပုံ ကိုသုံးပြီး ဂျာစီ ရောင်းအားကောင်းအောင် ကြော်ငြာခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ လုပ်ရပ်ကို အသင်းပရိသတ်တွေက အပြစ်တင် ရှုတ်ချနေကြတယ်လို့ Daily Mail က ဖော်ပြလာပါတယ်။

မက်ဆီရဲ့ အဖေကလည်း ဘာတိုမြူနဲ့ တွေ့ဆုံမှုအပြီးမှာ သူ့သား ဘာစီလိုနာမှာ ဆက်နေဖို့ ခက်ခဲနေပါပြီလို့ မီဒီ ယာတွေကို အတည်ပြုပြောလာတာကြောင့် အသင်းမှာ ဆက်ရှိဖို့ မသေချာမယ့် ကစားသမားကို အသုံးချတဲ့အပေါ် အသင်းကို ပရိသတ်တွေက ပြစ်တင်နေတာပါ။

ပရိသတ်တစ်ဦးကဆိုရင် - အသင်းရဲ့ အသုံးအဆောင်တွေကို ရောင်းထွက်ဖို့ အတွက် မက်ဆီနဲ့ ကြောငြာနေတာ တွေ ရပ်ပေးပါ။သူ့ကို ပေးသွားလိုက်ပါတော့။သူက ဒီ့ထက်ပိုပြီး ထိုက်တန်ပါတယ်။”လို့ လူမှုကွန်ရက်မှာ ရေးသား ဖော်ပြလာတာလည်း တွေ့ရပါတယ်။

အခုထုတ်ဖော်ပြလာတဲ့ ဂျာစီက ဂျူလိုင်လကတည်းက ထုတ်ဖော်ပြသခဲ့တဲ့ ဂျာစီဖြစ်ပြီး ယနေ့ ဗုဒ္ဓဟူးနေ့ကစတင် ကာ ဝယ်ယူနိုင်တော့မှာလည်း ဖြစ်ပါတယ်။

မက်ဆီကိုတော့ မန်စီးတီးအသင်းက ချိတ်ဆက်နေပြီး လက်ရှိအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ စာချုပ်လျော် ကြေး မြင့်မားနေလို့ ကစားသမားနဲ့ အသင်းကြား ညှိနှိုင်းမှုတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က