မက်ဆီ အိမ်ပြန်မှာလား နေအုံးမှာလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါပြီ။

မက်ဆီအနေနဲ့ အောင်မြင်မှု၊ငွေကြေးတွေကို ကျောခိုင်းပြီး အိမ်ပြန်မလား၊ဥရောပစစ်မျက်နှာပြင်မှာ အောင်မြင်မှု အတွက် ဆက်လက်တိုက်ပွဲဝင်မလားဆိုတာကတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရတော့မှာပါ။

Newell's Old Boysအသင်းက မက်ဆီ ငယ်ဘဝက ကစားခဲ့တဲ့ အာဂျင်တီးနားအသင်းဖြစ်ပြီး မက်ဆီ ဘာစီလိုနာ ကထွက်တော့မယ်ဆိုတဲ့ သတင်း သေချာသလောက်ဖြစ်လာချိန်မှာ အသင်းဟောင်းကို ပြန်လာဖို့ အဆိုပါ အသင်း ပရိသတ်တွေက လမ်းပေါ်ထွက်ပြီး သူတို့ဆန္ဒကို ထုတ်ဖော်ခဲ့ကြတယ်လို့ Daily Mail ကဖော်ပြလာပါတယ်။



Newell's Old Boysအသင်း ပရိသတ်တွေက မက်ဆီ အသင်းကို ပြန်လာချင်အောင် ဘာမဆို လုပ်ဆောင်မယ်လို့ လည်း ထုတ်ဖော်ပြောခဲ့ကြပါတယ်။

မက်ဆီဘာစီလိုနာကထွက်ရင် ထိပ်ဆုံးက ခေါ်ဖို့ စောင့်နေတဲ့အသင်းက မန်စီးတီးအသင်းဖြစ်ပြီး ဓနအင်အားအရ အတောင့်တင်းဆုံးအသင်းဖြစ်ပါတယ်။

ဒီအချိန်မှာ မက်ဆီ ၁၉၉၄ကနေ ၂၀၀၀ခုနှစ်အထိ ကစားခဲ့ဖူးတဲ့ အာဂျင်တီးနားက ဘောလုံးအသင်း ပရိသတ်တွေ ကလည်း သူတို့ရဲ့ ငယ်မွေးခြံပေါက် ကစားသမားကို သံယောဇဥ်နဲ့ ပြန်လည်ရစ်ပတ်ဖို့ မန်စီးတီးနဲ့ အပြိုင် ကြိုးပမ်း လာတာပါ။

ကလပ်အသင်း ပရိသတ်တွေဟာ အာဂျင်တီးနားက ရိုဆာရီယို လမ်းမထက်မှာ အသင်းအလံတွေ ဝှေ့ရမ်းသလို မက်ဆီပုံပါတဲ့ ဦးထုပ်တွေဝတ်ကာ မက်ဆီကို ချစ်မြတ်နိုးကြောင်း ဖော်ပြခဲ့ကြပါတယ်။

“မင်းရဲ့အိပ်မက်၊ငါတို့ရဲ့ ဆန္ဒ”လို့ ဆောင်ပုဒ်ကို ကိုင်စွဲကာ အော်ဟစ်ပြီး ဘလွန်းဒီအော ၆ကြိမ်ရ အသက် ၃၃နှစ် အရွယ် အာဂျင်တီးနားအသင်းခေါင်းဆောင်ကို အိမ်ပြန်ခေါ်နေကြတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က