ဒီရာသီမှာ အထူးခြေစွမ်းပြသခဲ့သူဖြစ်ပါတယ်။
Pyae Phyo Thein

ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အကြာမှာ ဘလွန်းဒီအောဆုကို မက်ဆီနဲ့ ရော်နယ်ဒိုတို့က လွှမ်းမိုးထားခဲ့ပြီး လူကာမိုဒရစ်က ၂၀၁၈ မှာ ဖောက်ထွက်ကာ ရယူနိုင်ခဲ့ပါတယ်။


၂၀၂၀ ခုနှစ်ရဲ့ ဘလွန်းဒီအောဆုကို ရရှိဖို့ ရေပန်းစားမှုမှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝန်ဒေါစကီးက ထိပ်ဆုံးမှာရှိနေတယ်လို့ သိရပါတယ်။ Goal.com က ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကိုမူတည်ပြီးတော့ အဆင့်သတ်မှတ်ခဲ့ရာမှာ လီဝန်ဒေါစကီးက ထိပ်ဆုံးမှာရှိနေခဲ့ပြီး မက်ဆီနဲ့ ရော်နယ်ဒိုတို့အထက်မှာ ရပ်တည်နေခဲ့ပါတယ်။ 

မက်ဆီကတော့ အဆင့် ၄နေရာမှာသာရှိနေခဲ့ပြီး ရော်နယ်ဒိုက အဆင့်၂နေရာမှာ ရှိနေခဲ့ပါတယ်။ ထိပ်ဆုံး ၂၀ ဦးစာရင်းမှာ လူငယ်ကစားသမားတွေဖြစ်တဲ့ ဟာဗက်ဇ်၊ ဆန်ချို၊ ဘာပေ၊ ဟာလန်းတို့လည်း ပါဝင်ခဲ့ကြပြီးတော့ စီးရီးအေက လာဇီယိုတိုက်စစ်မှူးအီမိုဘီလီ နဲ့ အတ္တလန္တာကွင်းလယ်တိုက်စစ်ကစားသမား အီလီချစ်တို့လည်း ပါဝင်လာခဲ့ပါတယ်။ 

မက်ဆီဟာ ဘာစီလိုနာအတွက် လာလီဂါ ၂၇ ပွဲမှာ ၂၁ ဂိုးအထိသွင်းယူပေးထားပြီး ပြိုင်ပွဲစုံသွင်းဂိုး ၂၆ ဂိုးသာရရှိထားခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ စီးရီးအေသွင်းဂိုး ၂၃ ဂိုးရရှိထားကာ ပြိုင်ပွဲစုံသွင်းဂိုးအနေနဲ့ ၂၇ ဂိုးအထိရရှိထားခဲ့တာပါ။ ဒါပေမယ့်လည်း လီဝန်ဒေါစကီးက ဒီရာသီမှာ အထူးခြေစွမ်းပြနေခဲ့ပြီး ဘွန်ဒက်လီဂါသွင်းဂိုး ၃၄ ဂိုးအထိ ရယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာတော့ ၄၉ ဂိုးအထိ သွင်းယူထားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့အတူ အမှတ်ပေးဖလားကိုလည်း ဆွတ်ခူးထားပြီးဖြစ်ကာ ပိုကယ်ဖလားမှာလည်း ဗိုလ်စွဲနိုင်ဖို့အတွက် ရေပန်းစားနေခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ၁၁ ဂိုးအထိသွင်းယူထားပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နေခဲ့ပြီးနောက် လီဝန်ဒေါစကီးဟာ ဘလွန်းဒီအောဆုကို ရယူနိုင်ဖို့ အကောင်းဆုံးအခြေအနေကို ပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အကြာမှာ ဘလွန်းဒီအောဆုကို မက်ဆီနဲ့ ရော်နယ်ဒိုတို့က လွှမ်းမိုးထားခဲ့ပြီး လူကာမိုဒရစ်က ၂၀၁၈ မှာ ဖောက်ထွက်ကာ ရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ မက်ဆီကရရှိခဲ့ပြီး စံချိန်တင်ရရှိမှုအဖြစ် ၆ ကြိမ်မြောက်ဆွတ်ခူးခဲ့ပါတယ်။ ဒီနှစ်အတွက်ဆုကိုတော့ ဒီဇင်ဘာလအတွင်းမှာ ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ 


Author


က္က