ကိုပါအမေရိက ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမှာပါ။

ကိုပါပြိုင်ပွဲမှာအကောင်းဆုံးပုံစံမရသေးပေမယ့်လည်း မက်ဆီက ဘရာဇီးလ်ကို အချိန်မရွေးဒုက္ခပေးနိုင်တယ်လို့ ဆေးလ်ဗားက ယူဆခဲ့တယ်လို့ Reuters က ဖော်ပြသွားခဲ့ပါတယ်။


ဘရာဇီးလ်ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားက ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီနဲ့ ပတ်သက်ပြီး ဘရာဇီးလ်က စိုးရိမ်နေရဆဲဖြစ်တယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ ကိုပါပြိုင်ပွဲမှာအကောင်းဆုံးပုံစံမရသေးပေမယ့်လည်း မက်ဆီက ဘရာဇီးလ်ကို အချိန်မရွေးဒုက္ခပေးနိုင်တယ်လို့ ဆေးလ်ဗားက ယူဆခဲ့တယ်လို့ Reuters က ဖော်ပြသွားခဲ့ပါတယ်။



မက်ဆီကတော့ ကိုပါအမေရိကပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး လက်ရှိမှာလည်း (၄)ပွဲကစားအပြီး သွင်းဂိုး (၁)ဂိုးသာ ရရှိထားခဲ့ပါတယ်။ မက်ဆီကိုယ်တိုင်ကလည်း သူ့ရဲ့အကောင်းဆုံးပုံစံကို မရရှိခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့ပြီး သူ့အတွက် အကောင်းဆုံးပြိုင်ပွဲတစ်ခု မဟုတ်ကြောင်းကို ပွင့်ပွင့်လင်းလင်းပဲ ထုတ်ဖော်ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။

သီယာဂိုဆေးလ်ဗားက "သူက ကမ္ဘာ့အကောင်းဆုံးကစားသမားပါ၊ သူ့မှာ ရုန်းကန်အားထုတ်နိုင်စွမ်းရှိနေပါသေးတယ်၊ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်ချိန်မှာရော၊ မပိုင်ဆိုင်ချိန်မှာပါ မက်ဆီကို သတိထားသွားရမှာဖြစ်ပါတယ်၊ တစ်ခါတစ်လေမှာ သူက ကွင်းထဲလမ်းလျှောက် နေတယ်လို့ ထင်ရပေမယ့် နေရာလွတ်တွေကို အမြဲတမ်းရှာဖွေနေတာဖြစ်ပြီး တန်ပြန်တိုက်စစ်ကနေ ဂိုးသွင်းနိုင်ဖို့ အားထုတ်နေတာပါ"

"သူ့ကို နောက်ထပ်တစ်ကြိမ်ထိန်းသိမ်းပြရမယ့် အခွင့်အရေးလည်းဖြစ်ပါတယ်၊ သူ့ကို ရပ်တန့်သွားအောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ" လို့ ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာ ပြောသွားခဲ့ပါတယ်။ အာဂျင်တီးနားနဲ့ ဘရာဇီးလ်တို့ဟာ ၂၀၀၇ ခုနှစ် ကိုပါအမေရိဖလားဗိုလ်လုပွဲအပြီးမှာ ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့ခဲ့တာဖြစ်ပြီး နောက်ဆုံးတွေ့ဆုံခဲ့တုန်းက ဘရာဇီးလ်က ၃-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အာဂျင်တီးနားအနေနဲ့ ဘရာဇီးလ်ကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် ကိုပါအမေရိကပြိုင်ပွဲ နောက်ဆုံး (၃)ကြိမ်ဆက်တိုက် ဗိုလ်လုပွဲတက်ရောက်နိုင်မှု ဖြစ်လာမှာပါ။ နောက်ဆုံး (၂)ကြိမ်ဆက်တိုက် အာဂျင်တီးနားက ဗိုလ်လုပွဲတက်ရောက်ခဲ့ပေမယ့်လည်း နှစ်ကြိမ်စလုံးမှာ ချီလီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပြီး ဆုဖလားလက်လွှတ်ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က