ဆီမီးဖိုင်နယ်မှာ ဘရာဇီးနဲ့ တွေ့ဆုံနေပါတယ်။

အာဂျင်တီးနားက ဗင်နီဇွဲလားကို ၂-၀ နဲ့ အနိုင်ရခဲ့လို့ ဆီမီးဖိုင်နယ်မှာ အိမ်ရှင် ဘရာဇီးအသင်းနဲ့တွေ့ဆုံနေ လို့ ၃ ကြိမ်ဆက် ဗိုလ်လုပွဲတက်ရောက်နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းသွားပါပြီ။

ကိုပါအမေရိကဖလားကွာတားဖိုင်နယ်မှာ ဗင်နီဇွဲလားအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မက်ဆီရဲ့ အာဂျင်တီး နားအသင်းကတော့ ဆီမီးဖိုင်နယ်မှာ အိမ်ရှင် ဆမ်ဘာအဖွဲ့သားတွေနဲ့ ထိပ်တိုက်တွေ့နေပါတယ်။



မာတီနက်ဇ်၊လိုဆယ်လ်ဆိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ဗင်နီဇွဲလားအသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အခုလို ကိုပါအမေ ရိကဖလား ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်တာကတော့ အာဂျင်တီးနားအတွက် ၃ ကြိမ်ဆက် တက်လှမ်းနိုင်ခဲ့တာ ဖြစ်တယ်လို့ BBC SPORTသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပွဲချိန်အတွင်း ဗင်နီဇွဲလားအသင်းက ဘောလုံးပိုင်ဆိုင်မှု ၅၉ ရာခိုင်နှုန်းအထိ ရရှိခဲ့ပေမယ့်လည်း ဂိုးပေါက်တည့် အောင်တော့ တစ်ကြိမ်သာ ကန်သွင်းနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းကတော့ ၇ ကြိမ် ဂိုးပေါက်တည့်ခဲ့ရာမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့်လည်း ဗင်နီဇွဲလား အသင်းကို ပွဲအပြီးမှာ ၂-၀ နဲ့ အနိုင်ရခဲ့တာပါ။

အိမ်ရှင် ဘရာဇီးအသင်းကတော့ ကွာတားဖိုင်နယ်အဆင့်မှာ ပါရာဂွေးအသင်းကို မိနစ် ၉၀ ထိ ဂိုးမရှိ သရေကျ နေလို့ ပင်နယ်တီ အဆုံးအဖြတ်ကျမှ အနိုင်ယူနိုင်ခဲ့တာပါ။

ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံက ဆန်းချက် ကစားနေတဲ့ ချီလီအသင်းဖြစ်ပြီး နှစ်ကြိမ်ဆက် ရယူထားနိုင်သလို နှစ်ကြိမ် စလုံးမှာလည်း ဗိုလ်လုပွဲမှာ အာဂျင်တီးနာအသင်းကိုပင် အနိုင်ယူထားတာပါ။

ချီလီကလည်း ကိုလံဘီယာကို မိနစ် ၉၀ အတွင်း ဂိုးမရှိသရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ၅-၄ ဂိုးနဲ့ အနိုုင်ရရှိပြီး ဆီမီးဖိုင်နယ်ကိုတက်ရောက်ထားနိုင်ပါပြီ။

လက်ကျန် ကွာတားဖိုင်နယ်ကတော့ ဥရုဂွေးနဲ့ ပီရူးတို့ ဒီကနေ့ည(မြန်မာစံတော်ချိန် ဇွန် ၃၀ နံနက် ၁ နာရီခွဲ)မှာ ဆက်လက်ကစားသွားပါမယ်။

ဘရာဇီးနဲ့ အာဂျင်တီးနားကတော့ သမိုင်းတလျှောက် ပြိုင်ပွဲစုံ ၁၀၉ ကြိမ်အထိ တွေ့ဆုံထားပြီး ဘရာဇီးက ၄၅ ပွဲနိုင် အာဂျင်တီးနားက ၃၉ ပွဲနိုင်နဲ့ ၂၅ ပွဲသရေ ကစားထားကြပါတယ်။

ကိုပါအမေရိက ဖလားမှာ နောက်ဆုံး တွေ့ဆုံထားတာကတော့ ၂၀၀၇ခုနှစ် ဗိုလ်လုပွဲဖြစ်ပြီး အဲ့တုန်းကတော့ ဘရာဇီးက ၃-၀ နဲ့ အနိုင်ယူဗိုလ်စွဲထားပါတယ်။

၂၀၁၉ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကစားမယ့် ဘရာဇီးနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ပွဲစဉ် ကိုတော့ မြန်မာစံတော်ချိန် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၇ နာရီအချိန်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က