မက်ဆီကတော့ဘလွန်းဒီအောဆုကို ၅ကြိမ်ရထားပါတယ်။

သူမှတ်ယူားတဲ့ကမ္ဘာ့အကောင်းဆုံး ကစားသမား ရော်နယ်ဒိုက ဘာစီလိုနာမှာကစားခဲ့ပေမယ့် ခေတ်မတူခဲ့လို့ တွဲဖက် ကစားခွင့်တော့မကြုံခဲ့ပါဘူး။

ဘာစီလိုနာမှာ ကစားသမားဘဝကို စတင်ချိန်ကတည်းက လီယွန်နယ်မက်ဆီအနေနဲ့ ကမ္ဘာ့အကောင်းဆုံးဘော လုံးသမားတွေဖြစ်တဲ့ ရော်နယ်ဒင်ဟို၊ဒေကို၊အင်နီယေစတာ၊ဇာဗီ၊ပူယိုးလ် အစရှိတဲ့ ကစားသမားတွေ နဲ့ တွဲဖက် ကစးခဲ့ရသလို ကမ္ဘာ့အကောင်းဆုံး ပြိုင်ဖက် ကစားသမားတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။



ဒါပေမယ့်လည်း Marca သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ မက်ဆီက သူ့ဘဝရဲ့ အကောင်းဆုံး ဘောလုံးသ မားအဖြစ် ယခင် ဘာစီလိုနာကစားသမားဟောင်းဖြစ်ခဲ့ဖူးတဲ့ ဘရာဇီး လက်ရွေးစင်ဟောင်း ရော်နယ်ဒိုကို သတ်မှတ်ထားတယ်လို့သိရပါတယ်။

“ ရော်နယ်ဒိုက တကယ်ကို တုပမရနိုင်ပါဘူး။ဘဝမှာ မြင်ဖူးသမျှ တိုက်စစ်မှူးတွေထဲမှာ သူက အကောင်းဆုံးပဲလို့မြင်မိပါတယ်။ လေးစားမှုအားလုံးရဲ့ အထင်ကြီးချင်းခံရသူပါပဲ။” လို့ မက်ဆီက TyC Sports သတင်းဌာနကိုပြောခဲ့ပါတယ်။

ကံမကောင်းချင်တော့ မက်ဆီအနေနဲ့ ဘာစီလိုနာရောက်ချိန် ရော်နယ်ဒိုနဲ့ တွဲဖက်ကစားခွင့်မကြုံခဲ့ပဲ ရော်နယ်ဒို က ဘာစီလိုနာမှာ ၁၉၉၆-၉၇ တစ်ရာသီသာကစားခဲ့ပြီး ၃၇ ပွဲမှာ ၃၄ ဂိုးအထိသွင်းပေးခဲ့သူပါ။

မက်ဆီကတော့ ဘာစီလိုနာ(ဂ)အသင်းမှာ ၂၀၀၃-၀၄ ခုနှစ်က စကစားခဲ့ပြီး၊၂၀၀၄-၀၅မှာ(ခ)အသင်းနဲ့ စီနီယာအသင်းမှာတော့ ၂၀၀၄ မှာ စတင်ကစားခွင့်ရခဲ့တာပါ။



က္က