ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီက ကစားရပိုခက်တယ်လို့ ပြောခဲ့တာပါ။
Kg Htet

လိုင်ယွန်အသင်းရဲ့နောက်ခံကစားသမား မာဆယ်လိုဟာ ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မက်ဆီထက် ပိုပြီးထိန်းချုပ်ရခက်တဲ့ ပြိုင်ဘက်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ဘတ်ပီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လိုင်ယွန်နဲ့ ဘာစီလိုနာအသင်းတို့ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပြီး ယင်းပွဲစဉ်မတိုင်မီမှာ လိုင်ယွန်ဥက္ကဌ ဂျင်းမိုက်ကယ်အောလက်က မက်ဆီကို တိုက်ခိုက်ခဲ့ပါသေးတယ်။



အောလက်က ဂျူဗင်တပ်ကြယ်ပွင့် ခရစ်စတီယာနိုရော်နယ်ဒိုဟာ လိုင်ယွန်အသင်းရင်ဆိုင်ခဲ့ရဖူးတဲ့ အခက်ခဲဆုံး ပြိုင်ဘက်ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပြီး မက်ဆီကတော့ လိုင်ယွန်အသင်းနဲ့တွေ့ဆုံတိုင်း ဘာမှ လုပ်ပြနိုင်ခဲ့ခြင်းမရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“၂၀၀၄ ခုနှစ်တုန်းက မန်ယူနိုက်တက်နဲ့တွေ့ဆုံခဲ့တဲ့ပွဲမှာ ခရစ်စတီယာနိုရော်နယ်ဒိုပေါ့”

“ကျွန်တော်တို့ ပထမပိုင်းပြီးတဲ့အချိန်အထိ ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေတယ်။ ဒုတိယပိုင်းမှာတော့ သူတစ်ယောက်တည်းနဲ့ ၂ ဂိုးပြန်ရအောင် လုပ်ပြခဲ့တယ်။ ရော့ကတ်တစ်ခုလိုပဲ”

“ကျွန်တော်တို့ ဘက်ခမ်း၊ မက်ဆီတို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မက်ဆီက ကျွန်တော်တို့နဲ့တွေ့တိုင်း ဘယ်တုန်းကမှ ခြေစွမ်းမပြသနိုင်ခဲ့ပါဘူး”လို့ The Express UK ကို အောလက်က ပြောကြားခဲ့ပါတယ်။

မက်ဆီကို နောက်ထပ်တိုက်ခိုက်မှုတစ်ခုအနေနဲ့ လိုင်ယွန်နောက်ခံကစားသမား မာဆယ်လိုက ၎င်းရဲ့ယုံကြည်မှုကို ဖော်ပြခဲ့ပြီး ယခုရာသီ ဘတ်ပီနဲ့ ရင်ဆိုင်ကစားရတာက မက်ဆီနဲ့ ရင်ဆိုင်ရတာထက် ပိုပြီးခက်ခဲတယ်လို့ ပြောကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့အချိန်တွေမှာ ကျွန်တော် ယှဉ်ပြိုင်ကစားခဲ့တဲ့ ကစားသမားတွေဟာ ထိပ်တန်းအဆင့်မှာရှိတဲ့ ကစားသမားတွေပါ”

“အခုရာသီ ဘတ်ပီနဲ့ ယှဉ်ပြိုင်ကစားရတဲ့အချိန်မှာ သူူ ကျွန်တော့်ကို အလုပ်အများကြီးပေးပါတယ်။ မက်ဆီကတော့ ကောင်းကောင်း မကစားနိုင်ပါဘူး။ ဒါပေမယ့် ဘတ်ပီကတော့ လျင်မြန်မှု၊ နေရာယူတတ်မှု၊ တိုက်ရိုက်ထိပ်တိုက်တွေ့ဆုံတတ်မှုကြောင့် သူက ကစားရအခက်ခဲဆုံးပါ”လို့ Goal ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က