အသင်းပိုင်ရှင်က မက်ဆီရဲ့ ပုံရိပ်ကိုအသုံးပြုပြီး တရုတ်မှာ ကြော်ငြာခဲ့ပါတယ်။

မီလန်မြို့ရဲ့ အဆိုပါဘုရားရှိခိုးကျောင်းကြီးရဲ့ ပုံရိပ်ကို နောက်ခံထားပြီးတော့ မက်ဆီရဲ့ ဓာတ်ပုံကို ဖော်ပြမှုတွေရှိလာခဲ့ပြီးနောက်မှာ သတင်းထောက်တွေက အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ မေးမြန်းခဲ့တာလည်းဖြစ်ပါတယ်။

အင်တာမီလန်အသင်းနည်းပြကွန်တီက မက်ဆီကိုဝယ်ယူတာထက် မီလန်မြို့ရဲ့ နာမည်ကျော်ဘုရားရှိခိုးကျောင်း Duomo di Milano ကို ဝယ်ယူရတာက ပိုပြီးတော့ လွယ်ကူလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ မီလန်မြို့ရဲ့ အဆိုပါဘုရားရှိခိုးကျောင်းကြီးရဲ့ ပုံရိပ်ကို နောက်ခံထားပြီးတော့ မက်ဆီရဲ့ ဓာတ်ပုံကို ဖော်ပြမှုတွေရှိလာခဲ့ပြီးနောက်မှာ သတင်းထောက်တွေက အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ မေးမြန်းခဲ့တာလည်းဖြစ်ပါတယ်။



ဒီပုံရိပ်ကတော့ နာပိုလီနဲ့ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မတိုင်ခင်မှာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်ကို တရုတ်နိုင်ငံတွင်းကြော်ငြာခဲ့ရာမှာ မက်ဆီရဲ့ အောင်ပွဲခံနေဟန်က ဘုရားရှိခိုးကျောင်းပေါ်မှာ ရှိနေတဲ့ပုံကို ဒီဇိုင်းပြုလုပ်ခဲ့ပြီးတော့ မက်ဆီကို ခေါ်ယူဖွယ်ရှိတယ်လို့ အသင်းပိုင်ရှင်ဘက်က အရိပ်အမြွက်ဖော်ပြခဲ့တယ်လို့ မီဒီယာတွေက ယူဆခဲ့ကြပါတယ်။

ဒါပေမယ့်လည်း နည်းပြကွန်တီကို Sky Italia က မက်ဆီ ဒါမှမဟုတ် ယူရိုသန်း ၅ဝတန်ဖိုးရှိတဲ့ ကစားသမားလေးဦးကို ခေါ်ယူနိုင်မလားဆိုပြီး မေးမြန်းခဲ့ရာမှာ "နှစ်ခုစလုံးက မဖြစ်နိုင်ပါဘူး၊ ကျွန်တော့်ကစားသမားတွေက အကောင်းဆုံးပုံစံတွေပြနေကြပါတယ်၊ သူတို့မှာရှိသမျှအားလုံးကို ပေးဆပ်ကစားနေတဲ့အတွက် ဒါကိုတော့ ကျွန်တော်အာမခံနိုင်ပါတယ်"

"အင်တာအတွက် မက်ဆီကို ခေါ်ယူမှာထက်စာရင် Duomo ဘုရားရှိခိုးကျောင်းကို ဝယ်ယူဖို့က ပိုပြီးတော့ လွယ်ကူပါလိမ့်မယ်" လို့ ကွန်တီက ပြောဆိုသွားခဲ့ပါတယ်။ အင်တာမီလန်ကတော့ နာပိုလီကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ဒီအမ်ဘရိုစီယို နဲ့ မာတီနက်ဇ်တို့က ဂိုးတွေသွင်းယူပေးခဲ့ပါတယ်။ ဒီအတွက် အင်တာမီလန်ဟာ ၇ ပွဲဆက်ရှုံးပွဲမရှိစံချိန်ကိုရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်နေပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က