ဘုရင့်ဖလား (၁၆)သင်းအဆင့် ပကျော့မှာ ရှုံးခဲ့တာပါ။
Pyae Phyo Thein

အဓိက ကစားသမားတွေ မပါဝင်တဲ့ အချိန်မှာ ကစားပုံဆိုးရွားနေမှုကိုတော့ ဗယ်လ်ဗာဒီ ပြင်ဆင်သွားရမှာဖြစ်ပြီး မက်ဆီက ဘာစီလိုနာအတွက် မရှိမဖြစ် ဖြစ်နေဆဲဆိုတာကို ဒီပွဲက သက်သေပြခဲ့ပါတယ်။


စပိန်ကိုပါဒယ်ရေးဖလား (၁၆)သင်းအဆင့် ပွဲစဉ်တွေရဲ့ ပထမအကျော့ကို ဒီနေ့မနက်ပိုင်းက ဆက်လက်ကစားခဲ့ရာမှာ မက်ဆီမပါဝင်လာခဲ့တဲ့ ဘာစီလိုနာအသင်းဟာ အဝေးကွင်းမှာ လီဗန်တေးကို (၂-၁)နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် ဘာစီလိုနာအနေနဲ့ ကော်တင်ဟိုရဲ့ ပယ်နယ်တီသွင်းဂိုး ရရှိခဲ့လို့ နူးကမ့်မှာ ကစားရမယ့် ဒုကျော့ပွဲအတွက်တော့ အားတက်စရာ ဖြစ်ခဲ့ပါတယ်။



ဘာစီလိုနာမှာ မက်ဆီအပြင် ဆွာရက်ဇ်၊ ပီကေး၊ ရာကီတစ် နဲ့ အယ်လ်ဘာတို့ မပါဝင်ခဲ့ပဲ အရန်ကစားသမားအများစုကိုသာ အသုံးပြုသွားခဲ့ပါတယ်။ ဒါကြောင့်လည်း လီဗန်တေးအိမ်ကွင်းမှာ ဘာစီလိုနာတို့ ရုန်းကန်ခဲ့ရပြီး အိမ်ရှင်အသင်းရဲ့ ဦးဆောင်မှုကို ပွဲချိန်အစောပိုင်းကတည်းက ခံခဲ့ရပြီး ရုန်းကန်ခဲ့ရပါတယ်။

လီဗန်တေးအတွက် အဲရစ်ကာဘာကို နဲ့ ဘော်ဂျာမေယိုရယ်တို့က (၄)မိနစ် နဲ့ (၁၈)မိနစ်တို့မှာ အနိုင်ဂိုးတွေ စောစောစီးစီး သွင်းယူပြီး ဦးဆောင်ခဲ့ပါတယ်။ ဦးဆောင်ဂိုး (၂)ဂိုးရခဲ့တဲ့ လီဗန်တေးက ဒီအနိုင်ဂိုးတွေကို ထိန်းကစားဖို့ပဲ ဦးစားပေးသွားလို့ ဘာစီလိုနာ ကစားရပိုခက်ခဲ့ပြီး ချေပဂိုးရဖို့ အသည်းအသန် အားထုတ်ခဲ့ရပါတယ်။

ပွဲချိန်တစ်လျှောက်လုံး အနိုင်ဂိုးတွေကို ထိန်းသိမ်းနိုင်ခဲ့တဲ့ လီဗန်တေးအသင်းဟာ ဘာစီလိုနာရဲ့ဖိအားပေးမှုကို ပွဲပြီးခါနီးမှာ တောင့်မခံနိုင်တော့ပဲ ပယ်နယ်တီပေးခဲ့ရပါတယ်။ (၈၅)မိနစ်မှာ ပေးခဲ့ရတာဖြစ်ပြီး ကော်တင်ဟိုက ဘာစီလိုနာအတွက် ချေပဂိုးသွင်းယူသွားခဲ့ပါတယ်။ လီဗန်တေးအတွက်တော့ ဒုတိယအကျော့အတွက် စိုးရိမ်စရာ သွင်းဂိုးကို ပေးလိုက်ရတာ ဖြစ်ပါတယ်။

ဘာစီလိုနာအနေနဲ့ (၂)ဂိုးပြတ်နဲ့သာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် နူးကမ့်မှာ ဂိုးပြတ်နိုင်ပွဲရဖို့ အားထုတ်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကော်တင်ဟိုရဲ့ ပယ်နယ်တီဂိုးကြောင့် နူးကမ့်မှာ ကစားရမယ့်ပွဲအတွက် စိတ်အေးခဲ့ရပြီးတော့ ဒုတိယအကျော့မှာ လီဗန်တေးကို ၁-၀ နဲ့ အနိုင်ကစားရုံနဲ့ပဲ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်တော့မှာပါ။ ဒုတိယအကျော့ကိုတော့ ဇန်နဝါရီ (၁၈)ရက်နေ့မှာ ကစားသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က