ယမန်နေ့ညပွဲစဉ်မှာ ပဉ္စမမြောက်ဦးဆောင်ဂိုးကို သွင်းယူခဲ့သူပါ။

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ်ဟာ လက်ရှိအချိန်မှာ ရင်ဆိုင်ခဲ့သမျှ လာလီဂါအသင်းတိုင်းကို ဂိုးသွင်းယူနိုင်တဲ့ကစားသမားအဖြစ် စံချိန်သစ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပြီး စုစုပေါင်း ၂၇ သင်းအထိ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

လူးဝစ္စဆွာရက်ဇ်ဟာ ၂၀၁၄ ခုနှစ်နွေရာသီမှာ လီဗာပူးအသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီနောက်ခံကစားသမား ချီလီနီကို ကိုက်ခဲ့တဲ့လုပ်ရပ်အတွက် ပွဲပယ်ပြစ်ဒဏ်ပြည့်မြောက်တဲ့ အောက်တိုဘာလမှ ပွဲဦးထွက်ပါဝင်ကစားနိုင်ခဲ့သူဖြစ်ပါတယ်။



ဘာစီလိုနာအသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်ကနေစပြီး လူးဝစ္စဆွာရက်ဇ်ဟာ ကြောက်မယ်ဖွယ် ခြေစွမ်းတည်ငြိမ်မှုနဲ့အတူ ဂိုးပေါက်ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းအတွက် လာလီဂါပွဲစဉ် ၁၇၁ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၃၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

လူးဝစ္စဆွာရက်ဇ်ဟာ ယခုရာသီမှာ လာလီဂါသွင်းဂိုး ၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ပူးတွဲရပ်တည်နေတဲ့ လိုရန်မိုရွန်(ဘက်တစ်)နဲ့ ဂျရတ်မိုရီနို(ဗီလာရီးရဲ)တို့ထက် ၁ ဂိုးသာ လျော့နည်းနေတာဖြစ်ပါတယ်။

လူးဝစ္စဆွာရက်ဇ်ဟာ ဗယ်လာဒိုးလစ်အသင်းနဲ့ကစားခဲ့တဲ့ ယမန်နေ့ညပွဲစဉ်အပြီးမှာ အသင်းဖော်မက်ဆီ မရရှိသေးတဲ့ ရင်ဆိုင်ခဲ့ရသမျှ လာလီဂါအသင်းတိုင်းကို ဂိုးသွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပြီး အီဘာနဲ့ ရီးရဲဘက်တစ်အသင်းတို့ကို ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။



က္က