ရာသီကုန်မှာ အပြီးသတ်ညှိနှိုင်းဖို့ ရှိနေပါတယ်။
Win Kyaw Min

ဘာစီလိုနာအသင်းအနေနဲ့ မာတီနက်ဇ်ကို ခေါ်ယူဖို့အတွက် အကြိမ်ကြိမ်ကမ်းလှမ်းမှုများပြုလုပ်ခဲ့သလိုပုဂ္ဂိုလ်ေ ရးဆိုင်ရာသဘောတူညီမှုများလည်း ရရှိခဲ့ပြီးဖြစ်ပါတယ်။

ဘရာဇီးလက်ရွေးစင်အသင်းနဲ့အင်တာမီလန်ကွင်းလယ်ကစားသမားဟောင်းဖြစ်သူ မယ်လိုက မာတီနက်ဇ်အေ နနဲ့ သေချာပေါက် ဘာစီလိုနာကိုပြောင်းရွှေ့သွားနိုင်ခြေရှိနေကြောင်း၊ မက်ဆီရှိနေတဲ့အကြောင်းရင်းက မာတီ နက်ဇ်ကို ဆွဲဆောင်နိုင်ဖို့ ဘာစီလိုနာအတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်ကြောင်း မှတ်ချက်ပြုသုံးသပ်ပြော ဆိုခဲ့မှုကို goal.com က ဖော်ပြလာပါတယ်။

အင်တာမီလန်အသင်းအနေနဲ့ အသင်းတိုက်စစ်မှာ လူကာကူ၊ ဆန်းချက်ဇ်တို့ရှိနေပေမယ့် ပီအက်စ်ဂျီကိုအငှား သွားကစားနေတဲ့ အိုင်ကာဒီကို လက်လွှတ်ရဖွယ်ရှိနေတဲ့အတွက် မာတီနက်ဇ်ကို ဆက်လက််ထိန်းသိမ်းထားနို င်ဖို့အတွက် အားစိုက်လုပ်ဆောင်နေရဆဲဖြစ်ပါတယ်။



“ မာတီနက်ဇ်ကို ဘာစီလိုနာသေချာပေါက်ခေါ်ယူနိုင်မှာပါ။ အဓိက,ကတော့ မက်ဆီကြောင့်ပါပဲ။ ဂျူဗင်တပ်အ နေနဲ့ ဒီလစ်ဂျ်ခေါ်ယူနိုင်ခဲ့တာက စီရော်နယ်ဒိုကြောင့်လို့ပြောလို့ပါတယ်။ ထို့နည်းတူ ဘာစီလိုနာအနေနဲ့မက်ဆီ ကြောင့် မာတီနက်ဇ်လို လူငယ်ခြေတက်ကစားသမားမျိုးကို အပြည့်အဝဆွဲဆောင်နိုင်ခဲ့တယ်လို့ပဲ ယူဆချင်ပါ တယ် ” လို့ မယ်လိုက မှတ်ချက်ပြုပြောဆိုလိုက်တာပါ။

အစောပိုင်းသတင်းထွက်ပေါ်မှုများအရ ဘာစီလိုနာအသင်းအနေနဲ့ မာတီနက်ဇ်အတွက် ယူရိုသန်း ၆ဝအပြင် က စားသမား နှစ်ဦးပါအလိုက်ပေးဖို့စီစဉ်ခဲ့ပြီး အင်တာမီလန်အသင်းဘက်ကလည်း သဘောတူမှုအချို့ရှိခဲ့တဲ့အတွ က် လာမယ့်အပြောင်းအရွှေ့မတိုင်မီ အပြီးသတ်ဆွေးနွေးဆုံးဖြတ်ဖို့ရှိနေတယ်လို့သတင်းဖော်ပြမှုတွေရှိခဲ့ပါသေး တယ်။

မာတီနက်ဇ်ကတော့ လက်ရွေးစင်စီနီယာအသင်းဖော်ဖြစ်တဲ့အပြင် ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ် တဲ့ မက်ဆီနဲ့အတူ တွဲကစားလိုနေပြီး လက်ရှိအင်တာမီလန်နည်းပြကွန်တီနဲ့အကြား အဆင်ပြေမှုများရှိနေခဲ့ပေ မယ့် ဘာစီလိုနာအသင်းရဲ့ အကြိမ်ကြိမ်ကမ်းလှမ်းမှုကို လက်ခံထားပြီးဖြစ်တယ်လို့လည်း အေးဂျင့်ဖြစ်သူကအ တည်ပြုထားပြီးဖြစ်ပါတယ်။


Author

  • Win Kyaw Min

က္က