ဗုဒ္ဓဟူးနေ့မှာ ဘာတိုမြူနဲ့ တွေ့ဆုံ စကားပြောမယ်လို့ သိရပါတယ်။

မနေ့မနက်က ဇာတိမြို့ရိုစာရီယိုကနေ သီးသန့်လေယာဥ်နဲ့ ထွက်လာတာ ဖြစ်ပြီး ဒီကနေ့(ဗုဒ္ဓဟူး)မှာ ဘာစီလိုနာ ဥက္ကဌ ဘာတိုမြူနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ထားသူ မက်ဆီကို မန်စီးတီးက သတ်မှတ် စျေးနှုန်းပေးပြီး ခေါ်ယူဖို့ လုပ်နေတဲ့ သတင်းတွေ များစွာ ထွက်ပေါ်နေချိန်မှာ မက်ဆီရဲ့ အဖေဖြစ်သူကိုယ်တိုင်က အာဂျင်တီးနားကနေ သားရှိရာ ဘာစီလိုနာကို လိုက်လာနေပြီလို့ Mirror သတင်းဌာနက ဖော်ပြလာပါတယ်။



ဂျို့စ်မက်ဆီက သားရဲ့ ကိစ္စတွေကို ကိုယ်စားပြုပြီး ဖြေရှင်းပေးဖို့ မနေ့က မနက်ကပဲ ဇာတိမြို့ဖြစ်တဲ့ ရိုစာရီယိုက နေ သီးသန့် လေယာဥ်နဲ့ လိုက်လာတာ ဖြစ်ပါတယ်။

အာဂျင်တီးနားဖက်က လာတဲ့ သတင်းတွေအရ သူဟာ(မက်ဆီ့အဖေ) ဘာစီလိုနာအသင်းဥက္ကဌ ဘာတိုမြူနဲ့ ဗုဒ္ဓ ဟူးနေ့(ဒီနေ့)မှာ စကားပြောဆိုသွားမယ်လို့ သိရပြီး မက်ဆီရဲ့ ဆုံးဖြတ်ချက်တွေကို ပြန်မပြင်တော့ဘူးလို့ ပြော ဆိုသွားမယ်လို့လည်း သိထားရပါတယ်။

မက်ဆီအနေနဲ့ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ အသင်းကနေ လွယ်လွယ်ကူကူ ထွက်ခွာဖို့ မဖြစ်နိုင်တဲ့ အခြေ အနေမှာ ရှိနေတာကြောင့်လည်း အခုလို အခက်တွေ့နေရတာပါ။

ဒီအချိန်မှာ ဘာတိုမြူက မက်ဆီနဲ့ ပတ်သက်ပြီး ဘယ်လို ညှိနှိုင်းမှုမျိုးမဆိုမှာ အသင်းနဲ့ လက်ရှိ စာချုပ်သက်တမ်း ကို တိုးရုံမှ တပါး အခြားမရှိနိုင်ဘူးလို့ ဆိုလာပါသေးတယ်။

ဒီအကြောင်းအရာက မက်ဆီရဲ့ အသင်းကထွက်ခွာချင်နေတဲ့ ဆန္ဒကို ဘယ်လိုမှ မသက်ရောက်နိုင်တဲ့ အနေအ ထားမှာ မက်ဆီရဲ့ အဖေဖြစ်သူက ကြားဝင်ဖြေရှင်းပေးတော့မှာ ဖြစ်ပါတယ်။

နှစ်ဖက်စလုံးအနေနဲ့ ဒီကိစ္စတွေကို တရားရုံးအထိ သယ်ဆောင်မသွားချင်၊စာချုပ်လျော်ကြေး ပေါင်သန်း ၆၃၀ကို ပြည့်မီအောင် ပေးနိုင်တဲ့ အသင်းလည်း မရှိတဲ့ အနေအထားမှာ ဘယ်လိုညှိနှိုင်းကြမလဲဆိုတာကလည်း စိတ်ဝင် စားဖို့ ကောင်းပါတယ်။

မန်စီးတီးအသင်းက မက်ဆီအတွက် ပေါင်သန်း ၄၅၀အပြင် ဆုကြေးပေါင်၂၂၄သန်းပါဝင်တဲ့ ၅နှစ်စာချုပ်နဲ့ စာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်ထားတယ်လို့ The Sun သတင်းဌာနက ဖော်ပြထားတာ ရှိပါတယ်။

လက်ရှိအချိန်မှာ သတင်းတွေက အတည်ပြုလို့ မရသေးပဲ အခြားသော သတင်းတွေရဲ့ ဖော်ပြချက်တွေမှာလည်း ပြောင်းရွှေ့ကြေး အပြောင်းအလဲတွေ ရှိနေတာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က