မက်ဆီအနေနဲ့ စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိနေပါတယ်။
Win Kyaw Min

လစာငွေလျော့ချခြင်းများကြောင့် ဘာစီလိုနာနဲ့မက်ဆီတို့အကြား ဆက်ပြီးလက်တွဲဖို့ အခက်အခဲတွေရှိလာနိုင် တယ်လို့ သုံးသပ်မှုတွေရှိနေခဲ့ပါတယ်။

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီအနေနဲ့ လာမယ့်အပြောင်းအရွှေ့ကာလအတွင်း အသင်းပြောင်းရွှေ့နိုင်တဲ့အခြေ အနေဖြစ်လာနိုင်ခြေရှိနေခဲ့သလို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုနေတဲ့ ဥရောပထိပ်သီးအသင်း ၅သင်း အထိရှိနေခဲ့တယ်လို့ စပိန်မီဒီယာတွေရဲ့ဖော်ပြချက်ကို thesun က ကိုးကားဖော်ပြလာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲစဉ်တွေရပ်နားထားရခြင်းနဲ့အတူ ဘဏ္ဍာရေးအခြေအနေအရ လစာငွေခံစားမှုများေ လျာ့ချရန် စီစဉ်နေခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့အခြေအနေတွေကြောင့် ကစားသမားဖြစ်သူရဲ့အနာဂတ်ကမသေ ချာတဲ့အနေအထားတစ်ခုကို ရောက်ရှိနေခဲ့ပြီလို့လည်း သိရပါတယ်။



သတင်းဖော်ပြမှုများအရ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာရှိတဲ့ စာချုပ်ကို နှစ်ဦးသဘောတူဖျက်သိမ်းနိုင်တဲ့ အခြေအနေကို ပိုင်ဆိုင်ထားတဲ့အတွက် ဘာမဆိုဖြစ်လာနိုင်တဲ့အခြေအနေမှာ ကာယကံရှင်ဖြစ်သူရဲ့ဆုံးဖြတ်ချ က်က အဓိကနေရာမှာရှိနေတယ်လို့လည်း marca က သုံးသပ်ဖော်ပြထားပြန်ပါတယ်။

မက်ဆီကိုခေါ်ယူလိုတဲ့အသင်းတွေထဲမှာ ဆရာဟောင်းဂွါဒီယိုလာတာဝန်ယူကိုင်တွယ်နေတဲ့ ပရီးမီးယားလိဂ်က လပ်မန်စီးတီးအသင်းလည်း ပါဝင်နေသလို စီးရီးအေထိပ်သီး အင်တာမီလန်၊ ပြင်သစ်လီဂူးကလပ်ပီအက်စ်ဂျီအ သင်းတို့က စိတ်ဝင်စားဆုံးဖြစ်နေခဲ့ပြီး ဒေးဗစ်ဘက်ဟမ်းရဲ့ အမေရိကန်မေဂျာလိဂ်ကလပ် မီယာမီအက်ဖ်စီနဲ့ နောက်ပိုင်းမှာ ဂျူဗင်တပ်အသင်းလည်း ပါဝင်လာခဲ့တာပါ။

လူငယ်ကစားသမားဘဝကတည်းက ဘာစီလိုနာအသင်းရဲ့ နာမည်ကျော်အကယ်ဒမီဖြစ်တဲ့ လာမာဆီရာကနေ ထွက်ပေါ်လာခဲ့သူ မက်ဆီဟာ ကစားသမားဘဝတစ်လျှောက် အသင်းတစ်သင်းတည်းမှာသာကစားခဲ့သူဖြစ်ပြီး ၂၀၀၅ခုနှစ်ကတည်းက ဒီကနေ့အချိန်အထိ သက်တမ်းတိုးစာချုပ် ၈ကြိမ်အထိချုပ်ဆိုခွင့်ရရှိထားသူလည်းဖြစ်ပါ တယ်။


က္က