အတ္တလန္တာ အသင်းက နာပိုလီအသင်းကို အဝေးကွင်းမျာ ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းရဲ့ ကွင်းလယ်လူ မာတန်ဒီရွန်တစ်ယောက် စီးရီးအေ ပွဲတစ်ရာ ပြည့်မြောက်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ မာတန် ဒီရွန်က စပိန်လာလီဂါ ကလပ် ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီကိုလှောင် ပြောင်ပြောဆိုမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ Sportskeeda သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အနိုင်ရလဒ်ကြောင့် အတ္တလန္တာအသင်းအနေနဲ့ ရာသီအကုန်မှာ အဆင့် ၄ အတွင်းဝင်ရောက်နိုင်ဖို့ မျှော်လင့် ချက်ပိုမိုအားကောင်းလာခဲ့ပြီး အဆင့် ၄ နေရာက အေစီမီလန်အသင်းနဲ့ ရမှတ်တူ ၅၆ မှတ်အနေအထားကို ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းလယ်လူ မာတင် ဒီရွန်အနေနဲ့လည်း စီးရီးအေ ပွဲ ၁၀၀ ပြည့်မြောက်ခဲ့သလို ကစားသမားဘ၀ ၅ ဂိုးအထိသွင်းယူထားနိုင်ပြီး ဒီစီးရီးအေ သွင်းဂိုး ၅ ဂိုးဟာ မက်ဆီထက် ပိုမို သာလွန်နေတာလည်း ဖြစ်ပါတယ်။
မက်ဆီအနေနဲ့ စီးရီးအေမှာ လာကစားခြင်းအလျဉ်းမရှိပဲ လာလီဂါ တစ်မျိုးတည်းမှာသာ ကစားနေခြင်းအပေါ် မာတန်ဒီရွန်က လှောင်ပြောင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုက ဂျူဗင်တပ်ကို ပြောင်းရွှေ့ခဲ့စဉ်ကလည်း မက်ဆီကိုလည်း အီတလီကိုလာပြီး စိန်ခေါ်မှုအသစ်တွေ ရယူစေချင်ကြောင်း ထုတ်ပြောဖူးတယ်လို့ Sportskeedaက ဖော်ပြပါတယ်။