ဒီကနေ့ည( မြန်မာစံတော်ချိန် ဇွန် ၂၉ နံနက် ၁ နာရီခွဲ)မှာ ကစားပါမယ်။

အာဂျင်တီးနားက ဗင်နီဇွဲလားကို ကိုပါအမေရိကမှာ တွေ့ဆုံထားတဲ့ ၅ ကြိမ်စလုံး အနိုင်ယူထားနိုင်ပြီးမက်ဆီက လည်း တွေ့ဆုံထားသမျှထဲမှာ သွင်းဂိုး ၁၀ ဂိုးအထိ ၄ ဂိုးသွင်း ၆ ဂိုးဖန်တီးပြီး ပါဝင် ပတ်သက်ထားနိုင်ပါတယ်။

ဒီကနေ့ည(မြန်မာစံတော်ချိန် ဇွန် ၂၉ နံနက် ၁ နာရီခွဲ)မှာ ကစားမယ့် ဗင်နီဇွဲလားအသင်းနဲ့ အာဂျင်တီးနားအ သင်းတို့ရဲ့ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို ထိန်းချုပ်နိုင် မယ်လို့ ဗင်နီဇွဲလားနောက်ခံလူ ရန်ဒန်က ယုံကြည်နေတဲ့အကြောင်း Sportskeeda သတင်းဌာနကဖော်ပြ လာပါတယ်။



မက်ဆီအနေနဲ့ လက်ရှိမှာ နိုင်ငံအသင်းနဲ့ ပထမဆုံး ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းအနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကလည်း ဗင်နီဇွဲလားအသင်းကို ကိုပါအမေရိက ကွာတားဖိုင်နယ် မှာ တွေ့ဆုံခဲ့ဖူးပြီးအဲ့တုန်းက ကျော်ဖြတ်ခဲ့သလိုမျိုး အခုတစ်ကြိမ်မှာ မရတော့ဘူးလို့ ရန်ဒန်က ထုတ်ဖော်ပြော လာခဲ့တာပါ။

“ကမ္ဘာ့ဘောလုံးဇာတ်ခုံအတွက်ရော အာဂျင်တီးနားအတွက်ပါ မက်ဆီက အရေးပါတဲ့ ကစားသမားပါ။ သူဘာလဲဆိုတာလဲ လူတိုင်းသိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့သူ့ကို ဘယ်လို တားဆီးရမလဲလည်း သိပါတယ်။ ကျွန်တော်မမှားဘူးဆိုရင် ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းက လုပ်ပြခဲ့ဖူးတယ်နဲ့တူတယ်။ ဘာ ဖြစ်ဖြစ် လက်ရှိ ကျွန်တော်တို့ အခြေအနေကို ကျွန်တော်တို့ အသိဆုံးပါ ဒီသောကြာနေ့မှာတော့ ကျွန်တော်တို့ ပြသသွားပါမယ်။” လို့ ရန်ဒန်က ပြောခဲ့တာပါ။

အာဂျင်တီးနားအသင်းအနေနဲ့ ကိုပါအမေရိကမှာ ဗင်နီဇွဲလားအသင်းနဲ့ ၅ ကြိမ်တွေ့ထားပြီး ၅ ကြိမ်စလုံး အနိုင်ယူထားနိုင်ပေမယ့် ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲမှာတော့ ၂ ပွဲသရေတစ်ပွဲရှုံးထားပါတယ်။

မက်ဆီကတော့ဗင်နီဇွဲလားနဲ့ တွေ့ဆုံထားတဲ့ ပွဲတွေ အားလုံးမှာ ၁၀ အထိ ပါဝင်ပတ်သက်ထားပြီး ၄ ဂိုးသွင်းကာ ၆ ဂိုးဖန်တီးပေးထားနိုုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က