ဒီကနေ့ညချန်ပီယံလိဂ်ပွဲအဖြစ် ကစားရမှာပါ။

ဥရောပချန်ပီယံလိဂ်မှာ မတူညီတဲ့ အသင်း ၃၄ သင်းကို ဂိုးသွင်းယူနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်လာ တော့မှာပါ။

ဒီကနေ့ညမှာ ကစားမယ့် လိုကိုမိုးတစ်မော်စကိုနဲ့ပွဲမှာ အနည်းဆုံး တစ်ဂိုးသွင်းယူနိုင်ပါက ရော်နယ်ဒိုအနေနဲ့ ရာအူးလ်၊မက်ဆီတို့နဲ့ ပူးတွဲရပ်တည်နေတဲ့စံချိန်တစ်ခုမှာ ကျော်ဖြတ်ရပ်တည်သွားနိုင်မှာလည်း ဖြစ်ပါတယ်။



Sportskeeda သတင်းဌာနရဲ့ဖော်ပြချက်မှာ ရော်နယ်ဒို၊မက်ဆီနဲ့ ရာအူးလ်တို့က ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ မတူညီတဲ့ အသင်း၃၃ သင်းစီကို ဂိုးသွင်းယူထားဖူးသူတွေလို့ သိရပါတယ်။

အခုစံချိန်ကိုတော့ ရော်နယ်ဒိုအနေနဲ့ ပြီးခဲ့တဲ့ လိုကိုမိုးတစ်ကို ၂-၁ နဲ့ နိုင်တဲ့ အိမ်ကွင်းပွဲမှာကတည်းက ရယူနိုင်ဖို့ အခွင့်အရေးရှိခဲ့ပါလျက်နဲ့ မယူနိုင်ပဲ ရှိခဲ့တာပါ။

အဲ့ဒီပွဲတုန်းက တစ်ဦးတည်း ဂိုးပေါက်ကို ၈ ကြိမ်အထိ ကန်ခွင့်ရခဲ့ပေမယ့် တစ်ဂိုးမှ ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ တာပါ။



အခုတစ်ကြိမ် ချန်ပီယံလိဂ်အုပ်စုပွဲ ၄ ပွဲမြောက်အဖြစ် ကစားရမယ့်ပွဲမှာတော့ လိုကိုမိုးတစ်ဖက်ကို ဂိုးသွင်းယူနိုင် တာနဲ့မတူညီတဲ့ အသင်း၃၄ သင်းကို ချန်ပီယံလိဂ်မှာ ဂိုးသွင်းယူနိုင်သူဖြစ်ပြီး အသင်းများဆုံး ဂိုးသွင်းယူနိုင်သူ ဖြစ် လာမှာပါ။

မက်ဆီကတော့ မနေ့က ဆလားဗီးယားပရာဟာနဲ့ ကစားခဲ့ရပြီး ဂိုးမရှိသရေကျခဲ့လို့ အခွင့်အရေးကောင်းတစ်ခုကို လက်လွှတ်ဆုံးရှုံးထားရလို့ ရော်နယ်ဒိုရော ဆုပ်ကိုင်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းကလိုကိုမိုးတစ်ကို နိုင်ရင် သေချာပေါက် ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်တော့ မှာ ဖြစ်ပြီး အုပ်စုဗိုလ်ရရေးအတွက်သာ အက်သလက်တီကိုနဲ့ လုရဖို့ ရှိနေပါတော့တယ်။

Share

Loading Next Article...
က္က