ကစားသမားရဲ့ ခြိမ်းခြောက်နိုင်မှုကို ဟန့်တားဖို့ပါ။
Pyae Phyo Thein

မယ်လိုကတော့ ကစားသမားဘဝမှာ ကလပ်အသင်းအများအပြားနဲ့ လက်တွဲခဲ့သူဖြစ်ပြီး စီးရီးအေထိပ်သီးအသင်းတွေဖြစ်တဲ့ ဂျူဗင်တပ်၊ အင်တာမီလန်တို့မှာလည်း ကစားခဲ့သူဖြစ်ပါတယ်။


ဘရာဇီးလက်ရွေးစင်ကွင်းလယ်လူဟောင်းတစ်ဦးဖြစ်တဲ့ ဖိလစ်ပီမယ်လိုက ဘောလုံးလောကရဲ့အကောင်းဆုံးကစားသမားက မက်ဆီဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း သူတို့အနေနဲ့ အာဂျင်တီးနားနဲ့ ရင်ဆိုင်ရချိန်တိုင်းမှာ မက်ဆီကို ဟန့်တားဖို့အတွက် ပြစ်ဒဏ်ကျူးလွန်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ဝန်ခံခဲ့ကြောင်း Marca က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း ရင်ဆိုင်ခဲ့ရတဲ့ ခံစစ်မှူးအများစုရဲ့ ပစ်မှတ်ထားဟန့်တားခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ ဒီထဲမှာမှ ဘရာဇီးလ်ကစားသမားတွေလည်း ပါဝင်ခဲ့တယ်လို့ မယ်လိုက ဝန်ခံပြောဆိုခဲ့တာဖြစ်ပြီး ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ ရင်ဆိုင်ရချိန်တိုင်းမှာ အလှည့်ကျစနစ်နဲ့ ပြစ်ဒဏ်ကျူးလွန်ဖို့ တိုင်ပင်ခဲ့ကြတာဖြစ်ပါတယ်။ 

"သူက တုနှိုင်းစရာမရှိတဲ့ကစားသမားပါ၊ ဘရာဇီးလ်နဲ့ သူ ရင်ဆိုင်ရချိန်တွေမှာဆိုရင် ကျွန်တော်တို့ သူ့ကို တစ်ယောက်တစ်ကြိမ်စီ ပြစ်ဒဏ်ကျူးလွန်ဖို့ပြောခဲ့ကြပါတယ်၊ အလှည့်ကျလုပ်ကြဖို့ပေါ့၊ အဲဒီလိုမှ မလုပ်ဖူးဆိုရင် သူ့ကိုထိန်းချုပ်ဖို့က အရမ်းခက်ခဲပါတယ်၊ သူ့ကို အန္တရာယ် ရှိလောက်အောင် လုပ်ဖို့မဟုတ်ပါဘူး၊ သူ့ခြေစွမ်းကို ဟန့်တားဖို့နဲ့ သူ ဘာမှမလုပ်နိုင်အောင်ပါ၊ ဒါက နည်းစနစ်ပိုင်းပါပဲ" လို့ မယ်လိုက ပြောခဲ့ပါတယ်။ 

မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို နှိုင်းယှဉ်ပြောဆိုမှုကို မယ်လိုက ပြုလုပ်ခဲ့ပါသေးတယ်။ "မက်ဆီက မယုံကြည်နိုင်စရာကောင်းလောက်တဲ့ ကစားသမားပါ၊ ခရစ္စတီယာနိုရော်နယ်ဒိုထက် ပိုပါတယ်၊ ခရစ္စတီယာနိုက ခင်ဗျားအတွက် ငါးဂိုးသွင်းပေးနိုင်ပါတယ်၊ ဒါပေမယ့် မက်ဆီလည်း ငါးဂိုးသွင်းနိုင်ပြီး သူက အသင်းဖော်တွေအတွက်ပါ ဖန်တီးပေးနိုင်ပါသေးတယ်၊ သူက ပိုပြီးပြီးပြည့်စုံပါတယ်" လို့ မယ်လိုက ဆိုခဲ့ပါတယ်။

မယ်လိုကတော့ ကစားသမားဘဝမှာ ကလပ်အသင်းအများအပြားနဲ့ လက်တွဲခဲ့သူဖြစ်ပြီး စီးရီးအေထိပ်သီးအသင်းတွေဖြစ်တဲ့ ဂျူဗင်တပ်၊ အင်တာမီလန်တို့မှာလည်း ကစားခဲ့သူဖြစ်ပါတယ်။ တူရကီနာမည်ကျော်ကလပ်ဂါလာတာစာရေးအသင်းမှာလည်း ကစားခဲ့ဖူးပြီး လက်ရှိမှာ အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ ဘရာဇီးလ်ကလပ် ပါးမီးယပ်စ်မှာ ကစားနေသူဖြစ်ပါတယ်။ 


Author


က္က