ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြက အာဂျင်တီးနားကြယ်ပွင့် မက်ဆီဟာ တားဆီးလို့မရနိုင်တဲ့သူလို့ ယုံကြည်နေပေမယ့် ဘရာဇီးလ်အသင်းအနေနဲ့ ကိုပါအမေရိက ဆီမီးဖိုင်နယ်အဆင့်မှာ မက်ဆီကို ခြေစွမ်းမပြနိုင်အောင် လုပ်နိုင်တယ်လို့ ပြောကြားခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။
လီယွန်နယ်မက်ဆီဟာ ကိုပါအမေရိကပြိုင်ပွဲမှာ လက်ရှိအချိန်အထိ ထိပ်တန်းအဆင့်ခြေစွမ်း မရရှိသေးသူဖြစ်ပြီး အာဂျင်တီးနားအသင်းဟာ ယနေ့ညမှာ အစဉ်အလာပြိုင်ဘက်ဖြစ်တဲ့ ဘရာဇီးလ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ဘရာဇီးလ်နည်းပြတိုက်က မက်ဆီနဲ့ပတ်သက်ပြီး စိုးရိမ်နေပေမယ့် ကစားအားကို နှေးကွေးသွားအောင် လျှော့ချမယ်လို့ မပြောခင်မှာ မက်ဆီရဲ့တိုက်စစ်ပါရမီကို ညွှန်ပြခဲ့ပါတယ်။ “ကျွန်တော်တို့ အာဂျင်တီးနားရဲ့တစ်ဦးချင်းစီအကြောင်းကိုပဲ ပြောနေကြတာမဟုတ်ပါဘူး။ သူတို့က စုပေါင်းပြီး ကြီးထွားလာတာပါ”
“စုပေါင်းခြင်းက တစ်ဦးချင်းထက် ပိုပြီး အရည်အသွေးတိုးတက်စေပါတယ်။ ခင်ဗျား မက်ဆီကို ဖယ်ထုတ်ပစ်လို့မရပါဘူ။ ခင်ဗျား သူ့ရဲ့လှုပ်ရှားမှုကိုပဲ နှေးအောင်လုပ်နိုင်ပါတယ်။ သူ့ရဲ့လှုပ်ရှားမှုကို ဖျက်ဆီးပစ်လိုက်လို့မရပါဘူး။ ကော်တင်ဟို၊ ဖာမီနို၊ ဒေးဗစ်နီရက်စ်တို့လည်း သူတို့ရဲ့လှုပ်ရှားမှုကို ကိုု်ယ်တိုင် မဖျက်ဆီးနိုင်ပါဘူး။ သူတို့တွေက အချို့အချိန်တွေမှာ အဆုံးအဖြတ်ပေးနိုင်ပါတယ်”လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ ဘီလိုဟော်ရီဇွန်တီမှာ နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဂျာမနီအသင်းကို ဆီမီးဖိုင်နယ်အဆင့်မှာ ၇-၁ နဲ့ အရှက်ရဖွယ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။