ပီအက်စ်ဂျီကလိုချင်ပေမယ့် မက်ဆီရှိသင့်တဲ့နေရာက ဘာစီလိုနာလို့ ဆိုလာခြင်းပါ။

ပီအက်စ်ဂျီအသင်းရဲ့ နည်းပြချုပ် တူချယ်က ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်မှူး အသင်းခေါင်းဆောင် မက်ဆီကို လိုချင်ပေမယ့်လည်း မက်ဆီဟာ ဘာစီလိုနာမှာပဲ ဆက်ရှိနေသင့်တယ်လို့ BT Sportကိုပြောခဲ့ပါ တယ်။

“မက်ဆီက ဘာစီလိုနာမှာပဲ ကစားသမားဘဝကုန်ဆုံးမယ်လို့ ထင်ပါတယ်။သူက မစ္စတာ ဘာစီလိုနာပါပဲ။”လို့ တူချယ်က ဆိုပါတယ်။



စပိန်ထိပ်သီး ဘာစီလိုနာကတော့ ဘိုင်ယန်မြူးနစ်အသင်းကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ၈-၂နဲ့ အရှက် တကွဲရှုံးနိမ့်ပြီးနောက် အသင်းခေါင်းဆောင် မက်ဆီအနေနဲ့ ဘာစီလိုနာက ထွက်ခွာချင်နေပြီလို့ သတင်းတွေ ပျံ့နှံ့ထွက်ပေါ်လာခဲ့တာပါ။

တစ်ချိန်တည်းမှာပဲ မက်ဆီရဲ့ စာချုပ်ပါလျော်ကြေးက ပေါင် သန်း ၆၀၀ကျော်ရှိနေတာကြောင့် အဆိုပါ ပမာ ဏကို ပေးချေဝယ်ယူနိုင်တဲ့ အသင်းအနည်းငယ်ထဲမှာ ပီအက်စ်ဂျီလည်း ပါဝင်နေတာပါ။

“ကျွန်တော်တို့ ဒီကာလမှာ အပြောင်းအရွှေ့အကြောင်း မပြောဖို့ ဆုံးဖြတ်ထားကြပါတယ်။လက်ရှိအသင်းကိုပဲ နောက်တစ်ဆင့်မြင့်နိုင်အောင် လုပ်ဆောင်ရပါအုံးမယ်။”လို့ တူချယ်က ဆက်လက်ပြောပါတယ်။

ပီအက်စ်ဂျီအသင်းကတော့ ပြည်တွင်းလိဂ် နောက်ဆုံး ၈နှစ်ဆက်မှာ ၇ကြိမ် ချန်ပီယံ ဖြစ်ထားပေမယ့်လည်း အသင်းရဲ့ အဓိက ရည်ရွယ်ချက်က ချန်ပီယံလိဂ်ဆုဖလားဖြစ်ပါတယ်။

ဒီနှစ်မှာလည်း အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံး အကြိမ်တက်လှမ်းခဲ့ပေမယ့် ကံမကောင်းစွာပဲ ဘိုင်ယန်မြူးနစ်အသင်းကို ၁-၀နဲ့ အရေးနိမ့်ပြီး ဒုတိယနဲ့သာ ကျေနပ်လိုက်ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က