ဥက္ကဌသစ် နဲ့ တစ်ရာသီစာလက်မှတ်ဝယ်ထားသူတွေက တရားစွဲနိုင်ပါတယ်။
Pyae Phyo Thein

မက်ဆီကိုခေါ်ယူချင်ပါက ယူရိုသန်း ၇၀၀ အထိ ပေးချေရမယ်လို့ ဘာစီလိုနာက သတိပေးထားပြီး အသင်းကထွက်ခွာခွင့်မရအောင် နည်းမျိုးစုံကိုအသုံးပြုနေတာလည်းဖြစ်ပါတယ်။ 


ဘာစီလိုနာအသင်းဥက္ကဌဂျိုးဆက်ဘာတိုမြူဟာ မက်ဆီကိုရောင်းထုတ်ခဲ့မယ်ဆိုပါက ထောင်ပါကျခံရနိုင်တဲ့အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။ နူးကမ့်မှာ မပျော်ရွှင်တော့တဲ့ မက်ဆီဟာ အသင်းကထွက်ခွာခွင့်တောင်းခံထားပြီး အသင်းနဲ့အတူ လေ့ကျင့်မှုတွေကိုလည်း ပြုလုပ်ခြင်းမရှိဘဲ သတင်းပေးပို့ဖို့ကို ပျက်ကွက်ခဲ့သူဖြစ်ပါတယ်။

အသင်းခေါင်းဆောင်လည်းဖြစ်သလို၊ အားအထားရဆုံးကစားသမားလည်းဖြစ်တဲ့ မက်ဆီကို မထွက်ခွာအောင် ဘာစီလိုနာက တော်တော်လေးကြိုးစားနေရတာလည်းဖြစ်ပါတယ်။ မက်ဆီကိုခေါ်ယူချင်ပါက ယူရိုသန်း ၇၀၀ အထိ ပေးချေရမယ်လို့ ဘာစီလိုနာက သတိပေးထားပြီး အသင်းကထွက်ခွာခွင့်မရအောင် နည်းမျိုးစုံကိုအသုံးပြုနေတာလည်းဖြစ်ပါတယ်။ 

ဒါပေမယ့် စပိန်ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Guillem Balague ကတော့ ဘာတိုမြူအနေနဲ့ မက်ဆီကို ရောင်းချခဲ့မယ်ဆိုရင် ထောင်ဒဏ်ကျခံရဖွယ်ရှိတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။ ဘာတိုမြူဟာ ရော်နယ်ကိုးမန်းကို ခန့်အပ်စဉ်က အသင်းမှာ မက်ဆီရှိမှာလားလို့ မေးမြန်းခဲ့မှုကို ရှိနေမယ်လို့ ပြောဆိုိခဲ့ပြီး ခေါ်ယူခန့်အပ်ခဲ့တယ်လို့ Guillem က ဖွင့်ချခဲ့ပြီး နောက်တစ်နေ့မှာတော့ မက်ဆီရဲ့ ဖခင်က သူ့သားဖြစ်သူဟာ နူးကမ့်က ထွက်ခွာချင်နေတယ်လို့ ဘာတိုမြူကို ထပ်မံပြောဆိုခဲ့ကြောင်းလည်း ဆိုပါတယ်။

နောက်ထပ်အကြောင်းရင်းတစ်ခုအဖြစ် ဘာတိုမြူဟာ မက်ဆီကိုရောင်းချခဲ့မယ်ဆိုရင် ဘာစီလိုနာဥက္ကဌအသစ်ဖြစ်လာမယ်သူနဲ့ တစ်ရာသီစာလက်မှတ်ဝယ်ယူထားသူတွေက သူတို့ရဲ့ပိုင်ဆိုင်မှုကို လိမ်လည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုနိုင်တယ်လို့ ဆိုပါတယ်။ ဒါဆိုရင် ဘာတိုမြူဟာ ကြီးလေးတဲ့ ပြစ်ဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ပါကျခံရနိုင်တဲ့အထိ ဖြစ်နိုင်တယ်လို့ Guillem က ခန့်မှန်းသုံးသပ်ခဲ့ပါတယ်။ 


လက်ရှိအချိန်မှာလည်း ဘာတိုမြူဟာ စီမံခန့်ခွဲမှုအမှားအယွင်းတွေ အများကြီးပြုလုပ်ခဲ့တယ်လို့ ဘာစီလိုနာပရိသတ်တွေက ယူဆကာ ဒေါသထွက်နေကြပါတယ်။ အသင်းကျရှုံးရခြင်းရဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ကစားသမားသစ်ဝယ်ယူမှုတွေ၊ စီမံခန့်ခွဲမှုအားနည်းမှုတွေပါဝင်နေတယ်လို့ ယူဆခဲ့ကြပြီး ဘာတိုမြူအနေနဲ့ မက်ဆီကို အသင်းကမထွက်ခွာသွားစေဖို့ လုပ်ဆောင်မှုကသာ ဒီအမှားတွေကို ပြန်လည်အဖတ်ဆယ်နိုင်တော့မှာလည်းဖြစ်ပါတယ်။ 


Author


က္က