မနေ့က စတင်ခဲ့တာလို့ သိရပါတယ်။

ဘွန်ဒက်လီဂါကလပ်စတုဂတ်အသင်းရဲ့ ပရိသတ်တွေဟာ မက်ဆီကိုခေါ်ယူနိုင်ဖို့အတွက် ငွေကြေးစုဆောင်းမယ့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်သွားခဲ့ကြပါတယ်။ စုစုပေါင်းယူရိုသန်း ၉၀၀ အထိ ရရှိဖို့ ပစ်မှတ်ထားစုဆောင်းနေတာလို့ သိရပြီး ကစားသမားရဲ့ ပြောင်းရွှေ့ကြေး၊ လုပ်အားခတွေကိုပါ ပေးချေသွားဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။

အဆိုပါငွေကြေးကို ရရှိစုဆောင်းနိုင်ဖို့ ခဲယဉ်းမယ်ဆိုတာ သိပေမယ့်လည်း စတုဂတ်ပရိသတ်တွေက မျှော်လင့်ချက်အနည်းငယ်ကိုပဲ အသက်သွင်းနေခဲ့တယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာကနေ မက်ဆီက ထွက်ခွာဖို့ ခွင့်တောင်းထားပြီး ခေါ်ယူချင်တဲ့ အသင်းတွေအနေနဲ့ စာချုပ်လျော်ကြေး ယူရိုသန်း ၇၀၀ ပေးချေရမယ်လို့ ဘာစီလိုနာက တုံ့ပြန်ထားတာလည်းဖြစ်ပါတယ်။



ပြီးခဲ့တဲ့ရာသီမှာ စတုဂတ်အသင်းက အမှတ်ပေးဇယားအဆင့် ၁၆ မှာ ရပ်တည်ခဲ့ရပြီး တန်းမဆင်းရဖို့အတွက် Play off ကစားခဲ့ရပါတယ်။ အနိုင်ရရှိခဲ့လို့သာ ဘွန်ဒက်လီဂါမှာ တင်ကျန်ခဲ့တာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ မက်ဆီကိုခေါ်ယူနိုင်မယ့် ရှားရှားပါးပါးအခွင့်အရေးမှာ အသင်းကို ကူညီထောက်ပံ့ပေးဖို့အတွက် အခုလိုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

GoFundMe စာမျက်နှာမှာတော့ "ကျွန်တော်တို့ စတုဂတ်ပရိသတ်တွေက မက်ဆီကိုခေါ်ယူနိုင်ဖို့အတွက် ငွေကြေးစုဆောင်းနေပါတယ်၊ ဒီစုဆောင်းမှုမှာ လိုအပ်တဲ့ပမာဏကို အချိန်မီမရရှိတာ ဒါမှမဟုတ် မက်ဆီက အခြားအသင်းကိုပြောင်းရွှေ့သွားခဲ့တာမျိုးဆိုရင် စုဆောင်းရရှိလာမယ့် ငွေကြေးကို Viva con Agua လူမှုရေးအဖွဲ့အစည်းကို လှူဒါန်းသွားမှာပါ" လို့ ဒီစုဆောင်းမှုနဲ့ပတ်သက်ပြီး ရေးသားဖော်ပြခဲ့ပါတယ်။ 

မနေ့က ညအထိတော့ ရန်ပုံငွေစုဆောင်းရရှိမှုဟာ ယူရိုငွေ ၆၀၀ ကျော်သာရရှိသေးတယ်လို့ သိရပါတယ်။ ဒါအတွက်ကြောင့် ဒေါ်လာနဲ့တန်ဖိုးတွက်ချက်ပါက တစ်ဘီလီယံလောက်ထိ လိုအပ်နေမှုကို စတုဂတ်ပရိသတ်တွေ စုဆောင်းနိုင်ဖို့က တော်တော်လေးခက်ခဲမှာဖြစ်ပြီး မက်ဆီကို ခေါ်ယူနိုင်ဖို့က မဖြစ်နိုင်တဲ့ အနေအထားမှာသာ ရှိနေပါတယ်။ 

Share

Loading Next Article...
က္က